DVB Logo
Home
မြန်မာသတင်း
မှတ်ပုံမတင်ဘဲ မောင်းနှင်နေသည့်ကားများ သိမ်းဆည်း အရေးယူမည်
DVB
·
February 24, 2016
မှတ်ပုံမတင်ဘဲ မောင်းနှင်နေသည့်ကားများ သိမ်းဆည်း အရေးယူမည်
Donate to DVB

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ မမှန်ကန်တဲ့ မော်တော်ယာဉ်နံပါတ်ပြားများ တပ်ဆင်မောင်းနှင်နေတဲ့ ကားနဲ့ ကားပိုင်ရှင်တွေကို စိစစ်အရေးယူတော့မယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။

မှတ်ပုံတင်မထားတဲ့ ကားမောင်းသူကို မော်တော်ယာဉ်ဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆို အရေးယူသွားမှာဖြစ်ပြီး ကားကိုလည်း သိမ်းမှာဖြစ်တယ်လို့ ဌာနရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခုအခါ လမ်းများပေါ်မှာ မော်တော်ယာဉ်အချို့ဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကညနက သတ်မှတ်ထုတ်ပေးထားတဲ့ ဂဏန်းမဟုတ်တဲ့ နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည်နံပါတ်များ ရေးသားတပ်ဆင် သွားလာနေတာ တွေ့မြင်နေရတယ်လို့လည်း ဓာတ်ပုံနဲ့တကွ ဖော်ပြပါတယ်။

ရန်ကုန်မြို့က ကားဝယ်ရောင်းတဦးကတော့ “ဒီမှာ ကားတွေသွင်းလာပြီး နံပါတ်ပြားမကျခင် တွေ့ကရာ နံပါတ် ကောက်တပ်ပြီး စီးကြတယ်၊အဲဒီလိုဟာတွေကို အဓိက ဆိုလိုချင်တာ၊ တချို့ကားအသစ်တွေက လိုင်စင်ဝင်တာမပြီးသေး၊ နံပါတ်ပြားမကျသေး၊ အဲဒါ တချို့လည်း နံပါတ်ပြား မပါဘဲ စီးကြ၊ ရဲကတွေ့ရင် ဖမ်းတော့ တွေ့ကရာနံပါတ် ကောက်တပ်ပြီး စီးကြတယ်။ တကယ်လည်း တိုက်ရော နံပါတ်ပြားနဲ့ ကားနဲ့ လွဲနေ၊ အဲဒါမျိုးဖြစ်နေတာ” လို့ ပြောပါတယ်။

မော်တော်ယာဉ်ဥပဒေအရ ကားနံပါတ်ပြားများကို မထင်ရှားအောင်ပြုလုပ်ခြင်း၊ ယာဉ်နံပါတ်ပြားများကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်း၊ မမှန်ကန်တဲ့ နံပါတ်ပြားများကို တပ်ဆင်အသုံးပြုခြင်းများ မပြုလုပ်ရလို့ ပြဋ္ဌန်းထားပါတယ်။

အဲ့ဒီ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရင် ၃ လထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်တသိန်း ထက်မပိုတဲ့ ငွေဒဏ်တို့ ကျခံရနိုင်ပြီး ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ပါတယ်။

ကညန စာရင်းတွေအရ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ရက်အထိ မော်တော်ကားစီးရေ ၇၇၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် ၄ သန်းခွဲကျော်နဲ့ သုံးဘီးဆိုင်ကယ် ၇၃၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013