DVB Logo
Home
မြန်မာသတင်း
ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် သက်တမ်းတိုးခွင့်ပြု
DVB
·
February 24, 2016
ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် သက်တမ်းတိုးခွင့်ပြု
Donate to DVB

ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးတဲ့အခါမှာ မိမိနေရင်းနိုင်ငံပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာဘဲ သက်တမ်း တိုးဖို့ကိစ္စ ထိုင်းအစိုးရ၀န်ကြီးများအစည်းအဝေးက သဘောတူအတည်ပြုလိုက်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဆိုပြုတင်ပြထားချက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အစိုးရအိမ်တော်မှာ ကျင်းပတဲ့ ထိုင်းအစိုးရ၀န်ကြီးများ အဖွဲ့အစည်းအဝေးက သဘောတူပြီး အတည်ပြုတယ်လို့ ထိုင်းအစိုးရအိမ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်း၊ မြန်မာနဲ့ လော ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ၈ နှစ်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုပြီး ၂ နှစ်ကိုတစ်ကြိမ် စုစုပေါင်း ၄ ကြိမ် သက်တမ်းတိုးဖို့၊ အဲဒီလို သက်တမ်းတိုးရာမှာလည်း နေရင်းနိုင်ငံ ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာဘဲ သက်တမ်းတိုးဖို့ ကိစ္စ သဘောတူကြောင်း ထိုင်းအစိုးရအိမ်တော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်ဆိန်ကျေက် ကမ်နုတ်က အစည်းအဝေးပြီးပြီးချင်းလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ ၃၁ ရက်နေ့မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမယ့် ပန်းရောင်ကတ် ကိုင်ဆောင်သူအလုပ်သမားတွေကိုလည်း လာမယ့် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နောက်ထပ် ၂ နှစ် နေထိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ဒါပေမယ့် အဆိုပါအလုပ်သမားတွေအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၉ ရက်နေ့ (ရက်ပေါင်း ၁၂၀)အတွင်း သက်ဆိုင်ရာ ကို သတင်းပို့ရာမှာဖြစ်ပြီး ဒီကြားထဲ နိုင်ငံသားစိစစ်ရေးကိုလည်း ဆောင်ရွက်ရ မယ်လို့ ဆိုပါတယ်။ (ဒီထဲမှာ ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ကဒ်လုပ်ထားတဲ့ အုပ်စုနဲ့ မြန်မာနိုင်ငံကနေ အမ်အိုယူစနစ်နဲ့ ရောက်လာတဲ့ အုပ်စု ၂ ခုလုံးအတွက် အကျုံးဝင်ပါတယ်)

လက်ရှိရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်နေတဲ့ နေထိုင်ခွင့်ကတ်နဲ့ အလုပ်သမား ကဒ်ကိုလည်း တစ်ခုတည်းအဖြစ် ပေါင်းလုပ်ဖို့ သဘောတူခဲ့ပါတယ်။

ငါးရွေးပုစွန်ရွေးလုပ်ငန်းအမျိုးအစားကိုလည်း ရေလုပ်ငန်းအမျိုးအစားထဲမှာ ထည့်သွင်း သတ်မှ တ်ဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနကို ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေးေ က်ာမတီဦးစီးဌာနအဖြစ် တိုးမြှင့်ခေါ်ဝေါ်ဖို့သဘောတူခဲ့ပါတယ် ။

ဒီသဘောတူချက်တွေဟာ ရှေ့ဆက်နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားငှားရမ်း ခန့်ထားရေး အတွက် လျော်ညီသင့်မြတ်ပြီး တရားမ၀င်အလုပ်သမားတွေကို တရားဝင်အလုပ်သမားအဖြစ် ပြောင်းလဲစေကာ နိုင်ငံထဲဝင်ရောက်လုပ်ကိုင်တဲ့ အလုပ်သမားအရေအတွက်တွေလည်း သိနိုင်မယ်လို့ ထိုင်းအစိုးရအဖွဲ့က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013