DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများ မိမိကျန်းမာရေးဆုံးဖြတ်ချက် ကိုယ်တိုင်ချမှတ်ခွင့် မရသေးဟု ဒုသမ္မတပြော
DVB
·
February 24, 2016
မြန်မာအမျိုးသမီးများ မိမိကျန်းမာရေးဆုံးဖြတ်ချက် ကိုယ်တိုင်ချမှတ်ခွင့် မရသေးဟု ဒုသမ္မတပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ခွင့် မရသေးဘူးလို့ နေပြည်တော်မှာရှိတဲ့ MICC ခန်းမဆောင်မှာ ကျင်းပပြုလုပ် တဲ့ ၈ ကြိမ်မြောက် အာရှပစိဖိတ် လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးများဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆိုသွားခဲ့ တာပါ။

ဒါကြောင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင့်တင်ပေးဖို့ လိုအပ်သလို ပညာရေးနဲ့ မြင့်တင်ပေးဖို့လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီအခမ်းအနားကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

ဒီညီလာခံကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပြီး ညီလာခံရဲ့ပထမနေ့မှာ လူငယ်တွေနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပြီး ကျန် ၃ ရက်မှာတော့ လိင်နှင့်မျိုးဆက်ပွား ကျန်းမာရေးနဲ့ အခွင့်အရေးများဆိုင်ရာ အကြောင်းအရာ တွေကို ဆက်လက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013