DVB Logo
Home
မြန်မာသတင်း
အယ်နီညို အရေးကြီးအဆို လွှတ်တော်အတည်ပြု
DVB
·
February 24, 2016
အယ်နီညို အရေးကြီးအဆို လွှတ်တော်အတည်ပြု
1 / 2
Donate to DVB

ပြည်သူ့လွှတ်တော်အတွင်း တင်သွင်းခဲ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အား ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရေး အရေးကြီးအဆိုကို ဒီနေ့ကျင်းပတဲ့ လွှတ်တော်တွင်း ထောက်ခံသူများတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၂ရက် ပြည်သူ့လွှတ်တော်မှာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းခဲ့တဲ့ “ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ တ၀ှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ် ပေါင်း ၄၃၀ တက်ရောက်ခဲ့ပြီး အရေးကြီးအဆိုအား ထောက်ခံသူ ၄၀၀၊ ကန့်ကွက်သူ ၁၊ ကြားနေ ၁၄ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအရေးကြီးအဆိုကို တပ်ကိုယ်စားလှယ် ၂ ဦး အပါအ၀င် ကိုယ်စားလှယ် ၂၂ ဦးတို့ ပါဝင်ထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ပြည်ထဲရေး၊ ကျန်းမာရေးနဲ့ လူမှု ၀န်ထမ်း စတဲ့ ဌာန ၅ ခုက ဒုဝန်ကြီး ၅ ဦးက လွှတ်တော်တွင်း လာရောက်ရှင်းလင်း ဖြေကြားခဲ့ ကြပြီး အဆိုကို မှတ်တမ်းတင်ထားရှိဖို့ ဆွေးနွေးခဲ့ကြပေမယ့် လွှတ်တော်က ထောက်ခံမဲ အများစုနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးက အရေးကြီးအဆိုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြရာမှာ အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေပြတ်လပ်မှုပြဿ နာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်ကဏ္ဍတို့မှာ ဆိုင်ရာဌာနတွေအနေနဲ့ လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဌာနဆိုင်ရာဒုဝန်ကြီးများရဲ့ ရှင်းလင်းဖြေကြားချက်အရ အယ်လ်နီညိုကြောင့် နေပြည်တော် အပါအ၀င် ပြည်နယ်တိုင်း ၁၄ခုမှာ သာမန်ထက် ၈၀ ရာခိုင်နှုန်း ပိုပူပြင်းဖို့ရှိပြီး မိုးခေါင်နိုင်တယ်။ အယ်လ်နီညိုကြောင့် ဖြစ်ပွားနိုင်တဲ့ သဘာဝဘေးဒဏ်ကို တနိုင်ငံလုံး ရင်ဆိုင်ခံစားရနိုင်တာမို့ အစိုးရနဲ့အတူ လွှတ်တော်၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူလူထုတရပ်လုံး ပူးပေါင်းလုပ်ဆောင်ကြ ဖို့လိုတယ်လို့ သိရပါတယ်။

လွှတ်တော်က အယ်လ်နီညိုအရေးကြီးအဆိုကို ထောက်ခံအတည်ပြုလိုက်တဲ့အတွက် အစိုးရအဖွဲ့ အနေနဲ့ လွှတ်တော်ရဲ့ ဆွေးနွေးချက်များအတိုင်း အကောင်အထည်ဖော်ရတော့မှာ ဖြစ်ပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ဟာ မြန်မာပြည်မှာ ဇွန်လ နောက်ပိုင်းကျမှပဲ ပုံမှန်ပြန်ဖြစ်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အတွင်း ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများရပ်တန့်ဖို့နဲ့ အယ်လ်နီညိုကြိုတင်ကာကွယ်ဖို့ စတဲ့ အရေးကြီးအဆို ၂ ခု တင်ခဲ့ပြီး အဆို ၂ ခုစလုံးကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013