DVB Logo
Home
မြန်မာသတင်း
မြန်မာအချင်းချင်း ပစ်သတ်သူ ၂ ဦး ဖမ်းဆီးရမိ
DVB
·
February 23, 2016
မြန်မာအချင်းချင်း  ပစ်သတ်သူ ၂ ဦး ဖမ်းဆီးရမိ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မြန်မာအလုပ်သမားချင်း သေနတ်နဲ့ ပစ်သတ်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်က ကန်ကျနပူရီမြို့နယ် ၀မ်းတုန်းအုပ်စုက  မြန်မာအလုပ်သမားတဦး အသတ်ခံရမှု မှာ  တရားခံ ၂ ဦးကို ဖမ်းဆီးရမိတယ်လို့  ကန်ကျနပူရီခရိုင်ရဲစခန်းက ဖေဖော်ဝါရီလ ၂၃ ရက် မနက် ၁၁ နာရီ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကန်ကျနပူရီမြို့နယ် ၀မ်းတုန်းကျေးရွာအုပ်စု နယ်မြေ ၇ က ကြံခုတ်သမား မြန်မာရွှေ့ပြောင်း လုပ်သား ကိုခိုင် (အသက် ၂၈ နှစ်) ဆိုသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သစ်ပင်တစ်ပင်မှာ သံကြိုးနဲ့အခတ်ခံရပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့  ကန်ကျနပူရီခရိုင်ရဲစခန်းမှ စခန်းမှူး ဆူရနစ် ဖရုန်းပုတ်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ တရားခံတွေကို လိုက်လံစုံစမ်းရာမှာ ကြံခင်းတစ်ခုတည်းမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ဦးဝင်း (အသက် ၄၇ နှစ်)နဲ့ မောင်ဌေး (အသက် ၁၅ နှစ်)တို့ ၂ ဦးကို သက်သေခံပစ္စည်းဖြစ်တဲ့ နစ်ဆန်ဟိုင်းလပ်ကားတစ်စီး၊ အရှည် ၂ မီတာခွဲရှိ သံကြိုး တချောင်း၊ လက်ကိုင်ဖုန်း ၃ လုံး၊ လက်ပတ်နာရီ ၃ လုံးနဲ့ အသတ်ခံရသူရဲ့ အ၀တ်အစား အသုံးအဆောင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ကြပြီး သေဆုံးသူဟာ မကြာခဏ ပစ္စည်း ခိုးတတ်တဲ့အကျင့်ရှိကြောင်း၊ ဒီမတိုင်ခင်က သူတို့လက်ပတ်နာရီနဲ့ ပိုက်ဆံကို ခိုးသွားတဲ့အတွက် စိတ်ဆိုးပြီး သူ့ကို ဟိုင်းလပ်ကားနဲ့ တောထဲတင်ခေါ်သွားကြောင်း၊ သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ကာ ခေါင်းကို ပစ္စတိုနဲ့ တချက်ပစ်ခတ်ခဲ့ကြောင်း ၀န်ခံသွားတယ်လို့ စခန်းမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013