DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင် မင်းလှခံတပ် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်ရှိ
DVB
·
February 23, 2016
သမိုင်းဝင် မင်းလှခံတပ် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်ရှိ
1 / 7
Donate to DVB

နယ်ချဲ့ရန်ကို တွန်းလှန်ရာမှာ ထင်ရှားတဲ့ သမိုင်းဝင် မင်းလှခံတပ်ဟာ ဧရာဝတီမြစ် ကမ်းပါးပြိုကျတဲ့ အန္တရာယ်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခံတပ်ကြီးပြိုမကျအောင် ရှေးဟောင်း သုတေသနဦးစီးဌာနက ခံတပ်ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်မျက်နှာစာတွေကို ယက်မ၊ သစ်သားဒေါက်တိုင်၊ အုတ်ဒေါက်တိုင်တွေနဲ့ ထိန်းမတ်ပေးခဲ့ပေမယ့် ထိန်းသိမ်းရေးအပိုင်းမှာ အားနည်းနေဆဲ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

“ခံတပ်ကြီး ပြိုကျအောင် ဒုက္ခ အပေးနိုင်ဆုံး အန္တရာယ်ကတော့ တစ်နှစ်ထက်တစ်နှစ်ပို တိုက်စား လာတဲ့ ဧရာဝတီမြစ်ရေပါ။ ကမ်းပါးက မတ်စောက်လာပြီး ခံတပ်အခြေအထိ လှိုက်စားလာတာပါ” လို့ ဒေသခံ ဒေါက်တာ ရဲထွန်းဇော်က ဆိုပါတယ်။

မင်းလှခံတပ်ကျဆုံးခဲ့တဲ့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်္ဂလိပ်စစ်တပ်က ဗိုလ်မှူးကြီး ဆန်ဖို့ဒ် ဦးဆောင်တဲ့ အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့လို့ ခံတပ်ရဲ့ အရှေ့ဘက်က နံရံ ပျက်စီးခဲ့ပါတယ်။

ခံတပ်ရဲ့ မြောက်ဘက်မှာ ရေထိန်းနံရံ အသေးတခု ရှိပေမယ့် တစ်ကယ်တမ်းရေကြီးချိန်မှာ မတားနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

အဲဒီအတွက် ရေတိုက်စားမှုလျော့ကျစေဖို့ ထုထည်ကြီးတဲ့ ရေထိန်းကာတာတွေ ရှိဖို့လိုသလို သဘာဝအကာအကွယ်ဖြစ်တဲ့ သစ်ပင်ကြီးတွေလည်း ရှိဖို့လိုတာပါ။

“ကျနော်တို့ ကလေးတွေကို ဒီနေရာဟာ မင်းလှခံတပ်ဆိုတဲ့ ထုထည်ကြီးမားလှတဲ့ ခံတပ်ကြီးရှိခဲ့တဲ့နေရာပေါ့လို့ ပြိုပျက်နေတဲ့ အုတ်ပုံတွေကို လက်ညိုးထိုး မပြချင်ဘူး။ နောင်တ မရချင်ဘူး” လို့လည်း ဒေါက်တာ ရဲထွန်းဇော်က ဆိုပါတယ်။

ခရစ်နှစ် ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ မင်းလှခံတပ်ဟာ အခုဆိုရင်  နှစ်ပေါင်း ၁၅၆ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ-ရဲထွန်းဇော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013