DVB Logo
Home
မြန်မာသတင်း
အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယားတိုက်ပွဲအတွင်း ကွန်မန်ဒို ၂ ဦးအပါအ၀င် ၃ ဦးသေဆုံး (ရုပ်သံ)
DVB
·
February 23, 2016
အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယားတိုက်ပွဲအတွင်း ကွန်မန်ဒို ၂ ဦးအပါအ၀င် ၃ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

အိန္ဒိယနိုင်ငံမြောက်ပိုင်းက အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်က ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားပြည်နယ်မှာ စစ်သွေးကြွတွေနဲ့ ၃ ရက်ကြာ တိုက်ပွဲဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဆုံးသတ်ခဲ့ပါတယ်။

အိန္ဒိယ လုံခြုံရေးတပ်တွေက အစိုးရအဆောက်အဦကို စီးနင်းခဲ့ကြတဲ့ စစ်သွေးကြွ ၃ ယောက်ကို အသေဖမ်းမိခဲ့တာပါ။ ခဲယမ်းမီးကျောက် အမြောက်အများကိုလည်း ပြန်ရခဲ့ တယ်လို့ ဗိုလ်ချုပ်ကြီး အာဗင် ဒွတ်တားက ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် သေနတ်သမားတွေ ရှိမရှိ ဆက်လက် ရှာဖွေ နေပါတယ်။

တိုက်ပွဲအတွင်း လူ ၇ ယောက် သေဆုံးပါတယ်။ စစ်သွေးကြွတွေက ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် ပမ်ပိုးမြို့က ငါးထပ် သင်တန်းကျောင်းတခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က စီးနင်းခဲ့တာပါ။

စစ်သွေးကြွတွေက ရဲတွေ စီးလာတဲ့ ဘတ်စ်ကားကို ပစ်ခတ်ပြီး စွန့်ဦးတီထွင်လုပ်ငန်း ဖွံ့ဖြိုးရေးကျောင်းထဲ ဝင်ရောက် စီးနင်းရာက တိုက်ပွဲစခဲ့တာပါ။ အဲဒီအချိန် ကျောင်းထဲမှာ လူအယောက် တရာကျော် ရှိနေခဲ့ပါတယ်။

တိုက်ပွဲအတွင်း အိန္ဒိယစစ်တပ် ကွန်မန်ဒိုဗိုလ်ကြီး ၂ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၃ ယောက် ရဲ ၂ ယောက်နဲ့ အရပ်သားတယောက် သေဆုံးပါတယ်။ ကက်ရှ်မီးယား ပြည်နယ်မှာ မွတ်စလင် ခွဲထွက်ရေးသမားတွေက အိန္ဒိယ တပ်တွေကို တိုက်နေခဲ့တာ ၁၉၈၉ ခုနှစ်တည်းကပါ။ အိန္ဒိယက ပါကစ္စတန်ဟာ သူပုန်တွေကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးပြီး အိန္ဒိယ နိုင်ငံဘက်ခြမ်းကို လွှတ်ပေးနေတယ်လို့ စွပ်စွဲပါတယ်။ ပါကစ္စတန်က စွပ်စွဲချက်ကို ငြင်းပါတယ်။

နျူကလီးယားလက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရအပြီး စစ်ပွဲကြီး ၃ ကြိမ် တိုက်ခဲ့ဖူးပါတယ်။ မွတ်စလင် လူများစု ကက်ရှ်မီးယားကို နှစ်ဖက်လုံးကပိုင်တယ်လို့ ပြောနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013