DVB Logo
Home
မြန်မာသတင်း
ပုဂံဘုရားများပေါ်တက်ရောက်ခွင့် မတ်လ ၁ ရက်မှစတင်ပိတ်ပင်
DVB
·
February 23, 2016
ပုဂံဘုရားများပေါ်တက်ရောက်ခွင့် မတ်လ ၁ ရက်မှစတင်ပိတ်ပင်
1 / 2
Donate to DVB

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ  ဘုရား၊ ပုထိုး၊ စေတီတွေရဲ့  ပစ္စယံတွေပေါ်ကို မတ်လ ၁ ရက်ကစပြီး တက်ရောက်ခွင့်မပြုတော့ဘူးလို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာပါတယ်။

နှစ်ကာလ ရှည်ကြာလာတဲ့ အဆောက်အဦတွေ ခံနိုင်ရည် လျော့နည်းလာတဲ့ အပြင် လူအများအပြား တက်ရောက်တဲ့အတွက် ဘုရားတွေနဲ့ ရှေးဟောင်းအဆောက်အဦတွေရဲ့ ရေရှည်တည်တံ့မှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ခုလို လုပ်ဆောင်တာလို့  ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့  ၀န်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘုရားပေါ် တက်ရောက်သူတွေဟာ သတိပေးတဲ့ကြားက မလျော်မကန် ၀တ်စား ဆင်ယင်တာ၊ ကခုန်သီဆိုတာနဲ့ ဘုရားပေါ်မှာ အိပ်တာစတဲ့ ယဉ်ကျေးမှုကို ထိခိုက်ယိုယွင်းစေတဲ့ အပြုအမှု မကြာခဏ ဖြစ်ပွားနေတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပုဂံရှိ  ပြသာဒ်ကြီးဘုရားပေါ်မှာ ဆေးကုမ္ပဏီတခုက  ၀န်ထမ်းတွေက အုပ်စုလိုက်ဝိုင်းဖွဲ့ကခုန်နေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံတွေ အွန်လိုင်းပေါ်ပျံ့နှံ့ ဝေဖန်ခံရပြီးနောက်  အစိုးရ၀န်ကြီးဌာနရဲ့  တားမြစ်ချက်ထွက်ပေါ်လာတာပါ။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်သတိုး သူဇာအောင်ကတော့ ၀န်ကြီးဌာနအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်သုံးသပ်သင့်တယ်လို့ ပြောပါတယ်။

“အခုဘုရားစေတီပုထိုးတွေပေါ်ကို တက်လို့မရတော့ဘူး၊ တက်လို့မရတော့ ဘာဖြစ်သွားမလဲ ဆိုတော့ မျှော်စင်ကတခုပဲရှိမယ်၊ ပုဂ္ဂလိက ပိုင်တဲ့ ပုဂံမျှော်စင် ဆိုတာရှိမယ်။ အဲဒီအခါကျတော့ တခြားနည်းနဲ့ မသွားရတော့ အဲဒီမျှော်စင်ကို သွားရမယ်။ သွားရတဲ့အခါမျိုးကျရင် နိုင်ငံခြားသားက ပုဂံဝင်ကြေးကလည်း ပေးထားပြီးပြီ မျှော်စင်ဝင်ကြေးလည်းထပ်ပြီးပေးရဦးမယ်ဆိုရင် အဲဒီအခါမှာ အဆင်မပြေတော့ဘူး  နောက်တချက်က  ဒီမျှော်စင်တခုထဲကို ပဲ တက်ခွင့်ပေးတယ်ဆိုရင် ၀န်ကြီးဌာနပေါ်မှာ အမြင်စောင်းသွားနိုင်တယ်။ ၀န်ကြီးဌာနရဲ့ ပြုမူချက်က စေတနာလည်းပါနိုင်ပါတယ်။ ဒီလိုဖြစ်သွားရင် ငါတို့ရဲ့ ဒီလိုမျိုးအခြေအနေကို မဖြစ်တော့ဘူးပိတ်လိုက်မှ ဖြစ်မယ်ဆိုပြီးတော့ ၀န်ကြီးဌာနက အလျှင်အမြန်ဆုံးဖြတ်တာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်  ဒီဆုံးဖြတ်ချက်တွေကို နည်းနည်းလေးပြန်ပြီး စဉ်းစားသုံးသပ်ဖို့ အတွက် ကျမတို့ အသင်းက အကြံပေးမှာပါ”

လက်ရှိပုဂံမှာ ဘုရားဖူးတွေကို တရားဝင် တက်ရောက်ခွင့် ပြုထားတဲ့  အဓိကဘုရား ၅ ဆူလောက်သာရှိပြီး   တက်ခွင့်ပေးထားတဲ့ ဘုရားတွေမှာ  အရည်အချင်းရှိ တာဝန်သိတဲ့ ၀န်ထမ်းတွေကို တိုးမြှင့်ခန့်ထားတာနဲ့  ၀န်ထမ်းတွေကို သင်တန်းတွေပေးတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြော ပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စတဲ့ ရှေးဟောင်းအဆောက်အဦပေါင်း ၃၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေ အလာအများဆုံး နေရာတခုဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013