DVB Logo
Home
မြန်မာသတင်း
နောက်နှစ် ပဲပေါ်သည့်ရာသီတွင် ပဲထွက်လျော့မှာ စိုးရိမ်စရာဖြစ်
DVB
·
February 23, 2016
နောက်နှစ် ပဲပေါ်သည့်ရာသီတွင် ပဲထွက်လျော့မှာ စိုးရိမ်စရာဖြစ်
Donate to DVB

အပူချိန်လွန်ကဲမယ့် အယ်နီညိုမတိုင်ခင်ပဲ ထွက်လာပြီဖြစ်လို့ ပဲထွက်လျော့မှာ ပူစရာမလိုတော့ပေမယ့် နောက်နှစ် ပဲပေါ်တဲ့ ရာသီမှာတော့ ပဲထွက်လျော့ကျမှာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

အယ်နီညိုကြောင့် ရေရှားပါးမှုကို ဆန်စပါးနဲ့ တခြား စိုက်ပျိုးရေးသီးနှံတွေ ကြုံတွေ့ရမှာဖြစ်လို့ အဲ့ဒီသီးနှံတွေ အထွက်နောက်ကျတဲ့အခါ နောက်နှစ် ပဲစိုက်ပျိုးချိန် နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူးကတော့ မြန်မာဘက်က ပဲထွက်တဲ့ရာသီမှာ အိန္ဒိယဘက်က ပဲအ၀ယ်လျော့ပြီး ဈေးကျတဲ့အထိ စောင့်တတ်ကြောင်း၊ အခုလက်ရှိမှာ ပဲဈေးတွေ အနည်းငယ်ကျနေကြောင်း ပြောဆိုပါတယ်။

လက်ရှိမှာတော့ ပြည်ပကို တင်ပို့နေတဲ့ ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစဉ်းငုံနဲ့ ပဲတီစိမ်းတွေ ပေါ်နေတဲ့အချိန် ဖြစ်ပါတယ်။

ပဲစင်းငုံ ဈေးနှုန်းတွေက အရင်က ၁၆ သိန်းကနေ ၁၅ သိန်းအတွင်း ပေါက်ဈေးရှိခဲ့ပြီး ခုနောက်ပိုင်း ၁၃ သိန်းခွဲလောက်ပဲ ဈေးရတော့တာပါ။

ပဲတီစိမ်းကတော့ အိန္ဒိယဈေးကွက်တခုတည်း မဟုတ်ဘဲ ဈေးကွက်ကျယ်ပြန့်လို့ ဈေးသိပ်မကျခဲ့ပါဘူး။

စပေါ်စက ပဲတီစိမ်းအချိန် ၆၀ ကို ၁ သိန်း ၂ သောင်း ၈ ထောင် ရှိခဲ့ရာက ခုနောက်ပိုင်းတော့ ၁ သိန်း ၂ သောင်းခွဲလောက်ပဲ ရှိတော့တာပါ။

မတ်ပဲကတော့ စပေါ်စတုန်းက တတန်ကို ၁၇ သိန်းလောက် ရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ၁၅ သိန်း ၆ သောင်းလောက် ကျသွားပါတယ်။

ဒီနှစ်မှာတော့ ပဲစင်းငုံတန်ချိန် ၂ သိန်းခွဲလောက်ထွက်ဖို့ လျာထားပြီး မတ်ပဲကိုတော့ တန်ချိန် ၆ သိန်းလောက်ထွက်ဖို့ လျာထားတယ်လို့ ဘုရင့်နောင် ပဲနှမ်းကုန်စည်ဒိုင်အသင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013