DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ဘာသာပြန်ပေးသူ ကွယ်လွန်
DVB
·
February 23, 2016
လိပ်ကျွန်းလူသတ်မှု ဘာသာပြန်ပေးသူ ကွယ်လွန်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေကို မြန်မာဘာသာပြန်ဆိုပေးခဲ့တဲ့ ကိုရဲ ခေါ် ကိုမြင့်နိုင်ဟာ ဖေဖော်ဝါရီ ၂၂ ရက် ညနေက ကွယ်လွန်သွားပါတယ်။

ကိုရဲဟာ အသက်ရှုကြပ်တဲ့ရောဂါနဲ့  ဖေဖော်ဝါရီ ၂၁ ရက်က ဆူရတ်ဌာနီခရိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ပြီး  နောက်တနေ့ ညနေ ၃ နာရီမှာ ဆုံးပါးသွားတာလို့ လိပ်ကျွန်းအမှု ကူညီဆောင်ရွက်ရေး  မြန်မာသံရုံးအထူးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေ ၃ နာရီလောက်ကဘဲ ဆေးရုံမှာဆုံးသွားပါတယ်။ သွေးရိုးသားရိုး ရောဂါနဲ့ဘဲ ဆုံးတာပါ။ သူ့အလောင်းက ခုလောလောဆယ် ဆေးရုံမှာဘဲရှိသေးတယ်။ ထိုင်းမှာ တပို့တွဲ လပြည့်အခါကြီးရက်ကြီးမို့ ဘုန်းကြီးကျောင်းမှာ အသုဘအခမ်းအနား လုပ်လို့မရသေးဘူး။”

လိပ်ကျွန်းအမှုမှာ ဘာသာပြန်ဆိုပေးသူ ကိုရဲဟာ အမှုမပြီးပြတ်ခင် ခုလိုဆုံးပါးသွားပေမယ့် လည်း  သူ့ရဲဘာသာပြန်ပေးတဲ့ အခန်းကဏ္ဍက ပြီးသွားပြီမို့ အမှုပေါ်မှာ ဘာမှသက်ရောက်မှု မရှိတော့ဘူးလို့ ရှေ့နေဖြစ်သူကပြောပါတယ်။

သူဟာ မြန်မာဘာသာနဲ့ ထိုင်းဘာသာကို အတော်အသင့်ပြန်ဆိုနိုင်သူဖြစ်ပေမယ့် လိပ်ကျွန်း အမှုမှာတော့ ထိုင်းရဲတွေရဲ့လွှမ်းမိုးမှုအောက်မှာ အလိုက်သင့်ပြန်ဆိုပေးခဲ့ရတယ်လို့ ဦးအောင်မျိုး သန့်က ပြောပါတယ်။

အခုလို နိုင်ငံခြားသားတွေပါ ပါဝင်ပတ်သက်နေတဲ့ အရေးကြီးအမှုမှာ တရားဝင် ကျွမ်းကျင်တဲ့ ဘာသာပြန်တွေကို မခေါ်ဘဲ နီးစပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားကို ရွေးပြီး ဘာသာပြန်ခိုင်းခဲ့တဲ့ အတွက်  ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းမီဒီယာတွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။

ဘာသာပြန်တွေကြောင့် လက်ရှိသေဒဏ်ကျခံထားရတဲ့ မြန်မာလူငယ် ၂ ဦး နှိပ်စက်ခံခဲ့ရ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တနသာင်္ရီတိုင်း မြိတ်မြို့ဇာတိဖြစ်တဲ့ ကိုရဲဟာ ကွယ်လွန်ချိန်မှာ အသက် ၄၂ နှစ်ရှိပြီး ဇနီး နဲ့ ၈ နှစ်ရွယ်သမီးတို့ ကျန်ရစ်ပါတယ်။

အမှုဖြစ်ပွားချိန်က ဘာသာပြန်ကိုရဲနဲ့ ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်ကို  ပြန်လည် ဖတ်ရှုနိုင်ပါ တယ်။

http://burmese.dvb.no/archives/70176

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013