DVB Logo
Home
မြန်မာသတင်း
မြန်မာပဲတီစိမ်း ဥရောပဈေးကွက် ရလာ
DVB
·
February 23, 2016
မြန်မာပဲတီစိမ်း ဥရောပဈေးကွက် ရလာ
Donate to DVB

ဥရောပကို မြန်မာပဲတီစိမ်းတင်ပို့မှု အရင်နှစ်တွေကထက် ပိုများလာတယ်လို့ ဘုရင့်နောင် ပဲနှမ်း ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက  ဆိုပါတယ်။

ပဲတီစိမ်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ်မှာ ဥရောပနိုင်ငံတွေကို စတင် တင်ပို့တာဖြစ်ပြီး တန်ချိန် ၅၀၀၀ ကျော်လောက် တင်ပို့နိုင်ခဲ့ပါတယ်။

ခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကုန်ခင်မှာတော့ တန်ချိန် ၂ သောင်းနီးပါးလောက် တင်ပို့လာရတာ ဖြစ်ပါတယ်။

ဘုရင့်နောင် ပဲနှမ်းကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက “သူတို့က စမ်းပြီးဝယ်နေရာကနေ ခုနောက်ပိုင်း ပိုဝယ်လာကြတာ။ ပဲတီစိမ်းတွေကို မ၀ယ်ယူခင်ကတည်းက ဥရောပဘက်က သူတို့လိုချင်တဲ့ပုံစံ၊ လိုချင်တဲ့ အရည်အသွေးတွေကို ကုန်သည်တွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့တာပါ။ ရန်ကုန်တိုင်း ခရမ်းသုံးခွမှာ ပဲစတင်စိုက်ပျိုးတဲ့ အခါကတည်းက တင်ပို့တဲ့ ကုန်သည်တွေက ကန်ထရိုက်ဖန်းမင်း သဘောမျိုးနဲ့ ကြိုတင်လုပ်ထားလို့ ဒီနှစ်ဆို ပိုတောင်တင်ပို့နိုင်မှာပါ။ ၂၀၁၆-၂၀၁၇ နှစ်ဆို ခန့်မှန်းခြေ တန်ချိန် ၃ သောင်းနဲ့ ၅ သောင်းကြား ၀ယ်ယူမယ်လို့ ခန့်မှန်းရတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013