DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်း ရပ်ဆိုင်းပေးရန် အစိုးရသစ်ကို တောင်းဆို
DVB
·
February 22, 2016
သံလွင်ရေကာတာစီမံကိန်း ရပ်ဆိုင်းပေးရန် အစိုးရသစ်ကို တောင်းဆို
Donate to DVB

လာမယ့်အစိုးရသစ်နေအနေနဲ့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမယ့် သံလွင်ရေကာတာစီမံကိန်းတွေကို ရပ်ဆိုင်းဖို့ သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေက လုပ်ပိုင်ခွင့်ရရှိထားတဲ့ ရေကာတာစီမံကိန်း ၂၉ ခု ရှိတဲ့ အနက် ၁၈ ခုကို အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံနဲ့ လက်ရှိ အစိုးရအကြား ဖေဖော်ဝါရီ ၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီသဘောတူညီစာချုပ်ကြောင့် လာမယ့်အစိုးရသစ်နဲ့ တိုင်းရင်းသားပြည်တွေအကြား သဘောထား ကွဲလွဲမှုတွေဖြစ်စေတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်စေမယ်လို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အန်အယ်လ်ဒီအစိုးရသစ်အနေနဲ့ အရင်အစိုးရ လက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်တွေ အပေါ်မှာ ဆက်လုပ်ဆောင်မယ်ဆိုရင် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတည်ထောင်ရေး ကတိပြုချက်တွေအပေါ် သံသယတွေ ဖြစ်လာနိုင်စေပြီး တိုင်းပြည်မှာ ပိုမို ပြိုကွဲမှုတွေ မဖြစ်စေချင်လို့ ကန့်ကွက်တာလို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်အဖွဲ့ဝင် စောသာဘိုးကပြောပါတယ်။
“ရေကာတာတည် ဆောက်မယ့် လုပ်ငန်းစီမံကိန်းတွေအကုန်လုံးက တိုင်းရင်းသား အင်အားစုတွေနေထိုင်တဲ့ နေရာတွေ ဖြစ်တယ်။ အကျိုးအမြတ်ခွဲဝေမှုပဲဖြစ်ဖြစ် သေချာတဲ့ ဥပဒေတွေဘာမှ မရှိသေးတဲ့ အနေအထားမှာ အဲဒီနေရာမှာ ဆောက်မယ်ဆိုရင်ပြဿနာတွေ ပြန်တက်လာနိုင်တယ်။ လောလောလတ်လတ်တောင်မှ အဲဒီဒေသ အနီးတ၀ှက်မှာဆိုရင် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်တာတွေရှိသလို မြန်မာနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ခိုက်တာရှိတယ်။ အကယ်၍သာထပ်ဆောက်မယ်ဆိုရင် ပြဿ နာတွေ ဒီထက်ပိုဖြစ်လာနိုင်တယ်။”

လက်ရှိ မြန်မာနိုင်ငံမှာရင်ဆိုင်နေရာတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘောဝဘေး အန္တရာယ်ဖြစ်စဉ် တွေဟာ ရေကာတာစီမံကိန်းတွေနဲ့ များစွာဆက်စပ်နေကြောင်း၊ သံလွင်မြစ်ဝှမ်းဟာ ငလျင်ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ကြီးမားတဲ့ ငလျင်ပြတ်ရွေ့ကြောင်းပေါ်မှာ တည်ရှိလို့ သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ လုံးဝရပ်ဆိုင်းဖို့ လိုအပ်တယ် လို့လည်း ဆိုပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ အစိုးရက ကြေညာထားပြီး အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း (ဝါ) မိုင်းတုန်ရေကာတာ၊ ကယားပြည်နယ်မှာဆိုရင် ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်မှာ ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

သံလွင်ရေကာတာစီမံကိန်းက ရရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းချမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013