DVB Logo
Home
မြန်မာသတင်း
လမ်းတံတားနှင့် အဆောက်အဦများ အရည်အသွေးပြည့်မီမှု မရှိသည့်အပေါ် စုံစမ်းပေးရန် ဒေသခံများ တောင်းဆို
DVB
·
February 22, 2016
လမ်းတံတားနှင့် အဆောက်အဦများ အရည်အသွေးပြည့်မီမှု မရှိသည့်အပေါ် စုံစမ်းပေးရန် ဒေသခံများ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ်က တည်ဆောက်ခဲ့တဲ့ လမ်းတံတားနဲ့ အဆောက်အဦ အရည်အသွေးပြည့်မီမှု မရှိတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ကျောက်မြောင်းကျေးရွာအုပ်စု ကျောက်မြောင်းကျေးရွာ ဘုန်တော်ကြီးကျောင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျောက်မြောင်းကျေးရွာအုပ်စုမှာ တည်ဆောက်ခဲ့တဲ့ လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင်းတို့နဲ့ ပတ်သက်ပြီး အုပ်စုဒေသတွင်း တည်ဆောက်ရေး လုပ်ငန်းတွေ  အရည်အသွေးပြည့်မီမှု အခြေအနေအပေါ် ဒေသခံတွေက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်။

ကျောက်မြောင်းကျေးရွာအုပ်စုမှာ ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ကျောက်ချောလမ်း၊ စာသင်ကျောင်း၊ ကွန်ကရစ်တံတား၊ တိုက်နယ်ဆေးရုံ စတဲ့ အဆောက်အဦတွေဟာ အရည်အသွေးမပြည့်မီဘဲ ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံတဦးက ပြောပါယတ်။

အလုပ်ရုံဆွေးနွေးပွဲကနေ  သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနကိုလည်း စတင်ပြီး တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ (သတင်း - ထွန်းထွန်းနိုင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013