DVB Logo
Home
မြန်မာသတင်း
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်း ဖုန်းအပလီကေးရှင်း ဖန်တီးဖြန့်ချိ
DVB
·
February 22, 2016
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်း  ဖုန်းအပလီကေးရှင်း ဖန်တီးဖြန့်ချိ
Donate to DVB

လူ့အခွင့်အရေးရပိုင်ခွင့် တခု ဖြစ်ဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ပိုပြီး သိရှိ နားလည် နိုင်စေဖို့အတွက် ဖုန်းမှာ သုံးစွဲနိုင်တဲ့ အပလီကေးရှင်းတစ်ခုကို Equality Myanmar က ဖြန့်ချိလိုက်ပါတယ်။

ဒီအပလီကေးရှင်းမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ၊ ပညာပေး ဗွီဒီယိုဖိုင်တွေ ပါရှိပါတယ်။

“လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ရာ ကိုးကွယ်ခွင့်၊ ကျင့်သုံးခွင့်၊ မယုံကြည် မကိုးကွယ်ခွင့်နဲ့ ဆန္ဒရှိခဲ့ရင် တခြားဘာသာကို ကူးပြောင်းခွင့် ဆိုတဲ့ အချက်တွေကို ရှင်းထားတယ်။ ကျနော်တို့မှာ မှားယွင်းတဲ့ သတင်းစကားတွေကို ယူပြီးတော့ လိုသလို အဓိပ္ပာယ်ဖွင့်ကြတာတွေ ရှိပါတယ်။ ဒါကို မှန်ကန်တဲ့သတင်းပေးပြီးတော့ အကြမ်းဖက်မှုကို ငြိမ်းချမ်းရေးဖြစ်အောင် ရည်ရွယ်ပါတယ်” လို့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီ အပလီကေးရှင်း အကြောင်းကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။

“လူတဦးတယောက်အနေနဲ့ အခြေခံ လူ့ရပိုင်ခွင့်ထဲမှာ အင်မတန် ပုဂ္ဂလိက ခံယူချက်နဲ့ ဆိုင်တဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်မှ မရှိကြဘူးဆိုရင်၊ သူကိုယ်တိုင်မငြိမ်းချမ်းနိုင်ပါဘူး။ အဲလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျမတို့ရဲ့ လူ့အဖွဲ့အစည်း၊ ကျမတို့ရဲ့ နိုင်ငံတော်ဟာ ဘယ်လိုနည်းနဲ့ မှ မငြိမ်းချမ်းနိုင်ပါဘူး” လို့ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဘာသာရေးဆိုတာ အင်မတန်ပဲ ထိလွယ်ရှလွယ်ခြေအနေမှာ ရှိနေတာလို့ သုံးသပ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

“ဒါကို လက်နက်သဖွယ်အသုံးပြုပြီး နှစ်ရှည်လများ တခုဆို ဒါနဲ့ပဲ၊ ဒါနဲ့ပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ကြည်ညိုကိုင်းရှိုင်းမှုကို သိထားတဲ့အတွက် တခုဆို ဒါနဲ့ပဲ ဆော်တာ။ ကျနော်တို့ အကြိမ်ကြိမ် ကျရှုံးခဲ့ရတယ်” လို့ အဆိုတော် စောဖိုးခွားက ပြောပါတယ်။

လတ်တလောမှာတော့ အပလီကေးရှင်းစတိုးတွေမှာ မရနိုင်သေးပဲ ဖုန်းဆိုင်တွေ၊ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013