DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့ရှိ ဒုက္ခသည်စခန်း သောက်သုံးရေ အခက်အခဲဖြစ်
DVB
·
February 22, 2016
ဟားခါးမြို့ရှိ ဒုက္ခသည်စခန်း သောက်သုံးရေ အခက်အခဲဖြစ်
1 / 11
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ရာလ်မှုန်အားကစားကွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။

ဒုက္ခသည် ၇၀၀ ကျော်ဟာ မြို့ဟောင်းရပ်ကွက်က ဖြစ်ပြီး ဟားခါးမှာ မြေပြိုတာ ၆ လ ၀န်းကျင် ရှိပေမေယ့်လည်း နေထိုင်စရာ နေရာအတည်တကျ မရရှိသေးပါဘူး။  မူလနေရာက လုံးဝနေလို့မရတော့သလို သက်ဆိုင်ရာကလည်းနေထိုင်ခွင့်မပြုဘူးလို့ သိရပါတယ်။

အစားအသောက်အတွက်ကတော့ နိုင်ငံတကာ အလှုတွေရှိသလို၊ အစိုးရ အထောက်အပံ့ တွေနဲ့ လက်ရှိအထိတော့ အဆင်ပြေနေသေးတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။

အဓိကအခက်အခဲကတော့ သောက်သုံးရေအခက်အခဲဖြစ်နေပြီး ရှေ့ဆက်ရာသီဥတု ပူပြင်းလာတဲ့အတွက် ပိုပြီးခက်ခဲနိုင်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ရေက ၂ရက် တစ်ခါလောက်လာပြီး လာချိန်ကလည်းနာရီပိုင်းပဲ ဖြစ်လို့ အလုအယက်ခပ်ပြီး လှောင်ထားရတယ်လို့ ဆိုပါတယ်။

ဟားခါးနဲ့ ၇ မိုင်ခန့်အကွာ သီမစ်ရွာအထက်ဖက်ရှိ သီမစ်ချောင်းကိုတော့ ရေရရှိရေးအတွက် သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်။ သတင်း - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013