DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံ ဈေးတခုအတွင်း မြန်မာကုန်သည်တဦး ပစ်သတ်ခံရ
DVB
·
February 21, 2016
မလေးရှားနိုင်ငံ ဈေးတခုအတွင်း မြန်မာကုန်သည်တဦး ပစ်သတ်ခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆီလယန်းဈေးထဲမှာ မြန်မာကုန်သည်အမျိုး သားတဦးဟာ ဦးခေါင်းမှာ သေနတ်နဲ့ ပစ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိ ခဲ့ရတယ်လို့ မလေးရှားနိုင်ငံအခြေစိုက် သည်စတားသတင်းမှာ ဖော်ပြပါတယ်။

အသတ်ခံရသူ အသက် ၄၆ နှစ်အရွယ် ဆာဖာ(အမည်ရင်းသီဟ) အမည်ရတဲ့ အမျိုးသားဟာ ရခိုင်ပည်နယ်မှာမွေးဖွားသူတဦးဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၆ ရက် နေ့က သူနေထိုင်ရာ ဆီလယန်းဈေးအနီးအိမ်က အလုပ်ပါမစ်ကိစ္စအတွက် ထွက်ခွာသွားခဲ့ပြီးကတည်းက ပျောက်ဆုံးသွားတာလို့ သူငယ်ချင်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ယူဆွတ်ဖ်ရှရက်ဖ်က ပြောပါတယ်။

“သူအိမ်ကထွက်သွားပြီး နာရီအနည်းငယ်အကြာမှာ သူ့အမျိုးသမီးက သူ့ဆီဖုန်း ခေါ်ခဲ့ချိန်မှာ သူက ဘဟာဆာမှာရှိနေတယ်လို့ ပြောခဲ့သေးတယ်။ သူက အလုပ်များနေ လို့ နောက်မှပြန်ခေါ်မယ်လို့ပြောခဲ့တာ။ နောက်ပိုင်း သူ့အမျိုးသမီးပြန်ခေါ်ကြည့်တော့ ဖုန်းမကိုင်တော့ဘူး။ အဲဒီတည်းကပျောက်သွားခဲ့တာ။”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူ့ရဲ့အလောင်းကို သွေးယိုစီးဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ကြတာပါ။

ဦးခေါင်းကို ကျည်ဆန်ထိမှန်ထားပြီး ၀မ်းဗိုက်ကိုလည်း ပစ်ခံထားရကာ လက်တွေနဲ့ မျက်နှာတွေက ညိုမည်းစွဲနေပြီး လက်တွေကို ကြိုးနဲ့ တုပ်ခံထားခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။

သူ့ရဲ့ သူငယ်ချင်းတွေကတော့ သေဆုံးချိန်မှာ တွေ့ရတဲ့ အ၀တ်အစားတွေဟာ သူတို့နောက်ဆုံးတွေ့ခဲ့တဲ့ အ၀တ်အစားတွေမဟုတ်ဘူးလို့ ထွက်ဆိုကြပါတယ်။

ဆာဖာဟာ ၁၉၈၉ ခုနှစ်ကတည်းက ဆီလယန်းဈေးထဲမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး သူ့မှာ ရန်သူမရှိဘူးလို့ ယူဆွတ်ဖ်က ပြောပါတယ်။

ဆီလယန်းမြို့ မြန်မာအဖွဲ့အစည်းက ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို စုံစမ်းရှာ ဖွေနေကြတယ်လို့ လည်းဆိုပါတယ်။

ဒါဟာ ဆီလယန်းဈေးထဲမှာ မြန်မာတွေကို ဒုတိယအကြိမ် အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း ညအချိန်ကား ၂ စီးနဲ့ လူတွေလာရောက်တိုက် ခိုက်ခဲ့လို့ ၃၄ နှစ်အရွယ်မြန်မာအမျိုးသားတဦးနဲ့ ကလေးငယ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါ သေးတယ်။

ရဲတွေကတော့ ဈေးအတွင်း ကုန်သည်တွေနဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်း ကျန်းသူတွေကြား ဆက်စပ်ပဋိပက္ခတွေရှိနေတယ်လို့ ပြောပါတယ်။

ရဲအရာရှိ အလီအာမက်ဒ်က သေဆုံးရတဲ့ ဆာဖာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန် သူ၊ ပါဝင်ပတ်သက်သူတွေကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ သူ့ကိုအပြင်ကို ခေါ်ခဲ့တယ်ဆိုတဲ့ သူ့သူငယ်ချင်းကို နောက် ကြောင်းပြန်စစ်ဆေးဖို့လုပ်နေပါတယ်။ သူ့ကိုပစ်သတ်ခဲ့တဲ့ သေနတ်အမျိုးအစားနဲ့ သေနတ်ကျည်ဆံအမျိုးအစားကိုလည်း ကြိုးစားရှာဖွေနေပါတယ်”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့လက ဇန်န၀ါရီ ၁၃ ရက်နေ့ညပိုင်းကလည်း အဲဒီ ဆီလယန်ဈေးထဲမှာ အုပ်စုလိုက်ရန်ပွဲဖြစ်ခဲ့လို့ ၂ နှစ်အရွယ် မြန်မာ ကလေးငယ် တဦးနဲ့ ရွှေ့ပြောင်းမြန်မာအမျိုးသားတဦး ဒဏ်ရာရခဲ့ကာ မလေးရှားအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

အဲဒီနေ့က မလေးရှားနိုင်ငံသား အင်ဒီးယန်း ၅ ယောက်ပါဝင်တဲ့ အုပ်စုက မြန်မာ အုပ်စုကို စတင်တိုက်ခိုက်ခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

အခုလို ဆာဖာအသတ်ခံရတာဟာ ဇန်န၀ါရီ ၁၃ ရက်နေ့က ဖြစ်ခဲ့တဲ့ အုပ်စုလိုက် ရန်ပွဲနဲ့ ဆက်နွှယ်မှုရှိမလားဆိုပြီး ဈေးအတွင်း တခြားမြန်မာကုန်သည်တွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013