DVB Logo
Home
မြန်မာသတင်း
အစိုးရထံမှ အတည်ပြုချက် မယူသည့် နိုင်ငံခြား သတင်းဌာနများကို တရုတ်တားမြစ်မည်
DVB
·
February 20, 2016
အစိုးရထံမှ အတည်ပြုချက် မယူသည့် နိုင်ငံခြား သတင်းဌာနများကို တရုတ်တားမြစ်မည်
Donate to DVB

လာမယ့် မတ်လကစပြီး အစိုးရ အတည်ပြုချက်ရယူခြင်းမရှိတဲ့ ဘယ်လို အကြောင်းအရာမျိုးကို မဆို အင်တာနက် အွန်လိုင်းမှာရေးသားတဲ့ နိုင်ငံခြား မီဒီယာကုမ္ပဏီကို တရုတ်အစိုးရက တားမြစ်သွားမှာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ သတင်း ပုံနှိပ် ရေဒီယို ရုပ်ရှင်နဲ့ တယ်လီဗေးရှင်း ကြီးကြပ်ရေးက အတည်ပြုချက်မပါဘဲ နိုင်ငံခြားသားပိုင် မီဒီယာတွေက စာသား၊ အရုပ်၊ မြေပုံ၊ ဂိမ်း အနီမေးရှင်းတွေ ထုတ်ဝေတာကို ရပ်တန့်ဖို့ တရုတ် စက်မှုနဲ့ သတင်းနည်းပညာ ၀န်ကြီးဌာနက ညွှန်ကြားချက် ဖေဖော်ဝါရီ ၁၄ ရက် ကထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် တရုတ်ပိုင် ကုမ္ပဏီတွေကသာ အွန်လိုင်းမှာ ထုတ်ဝေဖြန့်ချိနိုင်မှာ ဖြစ်သလို ကွန်မြူနစ် အစိုးရဲ့ အင်တာနက်ကို ပိုမိုထိန်းချုပ်မယ့် ခြေလှမ်းတရပ်လည်း ဖြစ်လာပါတယ်။

တရုတ်နိုင်ငံမှာတော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့သူတွေက လိုင်စင်လျှောက်ထားရပြီး တရုတ်ကုမ္ပဏီနဲ့ အကျိုးတူ လုပ်ဆောင်မှသာ လိုင်စင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

လူမှုရေးကွန်ရက်မီဒီယာတွေ အရှိန်အဟုန်ပြင်းလာတာနဲ့အမျှ ပိုမိုထိန်းချုပ်နိုင်ဖို့ တရုတ် ဆင်ဆာကလည်း လုပ်ထုံး လုပ်နည်းသစ်တွေကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013