DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်က မြေပြိုဆည် အန္တရာယ်ရှိဟု သတိပေး
DVB
·
February 20, 2016
ချင်းပြည်နယ်က မြေပြိုဆည် အန္တရာယ်ရှိဟု သတိပေး
Donate to DVB

ချင်းပြည်နယ်အတွင်း သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ မြေပြိုဆည်ကြောင့် အနီးနားရွာတွေနဲ့ ဆည်တွေ အန္တရာယ်ရှိတယ်လို့ ကယ်ဆယ်ရေးဌာနအစီရင်ခံစာက သတိပေး ဖော်ပြလိုက်ပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ၈၇ ဧကလောက် ကျယ်ဝန်းတဲ့ မြေပြိုဆည်ကြီးတခု ဖြစ်ပေါ်နေပြီး မိုးကြီးလို့ အဲ့ဒီမြေပြိုဆည်ရေလျှံမှုဖြစ်ပွားရင် အနီးနားရွာတွေနဲ့ ၃၂ မိုင်ဝေးတဲ့ ရာဇဂြိုဟ်ဆည် ကျိုးနိုင်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ မြေပြိုဆည်လေ့လာရေးအစီရင်ခံစာက ဖော်ပြလိုက်တာပါ။

တွန်းဇံမြို့နယ်၊ ဟန်ကင်ကျေးရွာအနောက်ဘက် ၇ မိုင်လောက်အကွာမှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း ရွာသွန်းခဲ့တဲ့မိုးကြောင့် အဲ့ဒီ မြေပြိုဆည် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ အန္တရာယ်မရှိပေမယ့် မိုးများပြီး ရေ၀င်များရင် သဘာဝမြေပြိုဆည် ကျိုးပါက်နိုင်တယ်၊ အဲ့ဒီလို ဆည်ကျိုးပေါက်ရင် နုန်းတွေ၊ ကျောက်တုံးတွေ အပါအ၀င် ဆည်ရေကျော်ပြီး ရာဇဂြိုဟ်ဆည်ကို ဒုက္ခပေးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အနီးနား ကျေးရွာတွေကိုပါ အန္တရာယ်ပေးနိုင်လို့ ရေရှည်အစီအမံချမှတ် လုပ်ဆောင်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။

ချင်းပြည်နယ်အတွင်းရှိ တောင်ကုန်းတောင်တန်းများဟာ ဘူမိဗေဒသဘောအရ မြေသားတည်ငြိမ်မှု မရှိတာကြောင့် သဘာဝမြေပြိုဆည်တွေလည်း အချိန်မရွေး ကျိုးပေါက်ပျက်စီးနိုင်တယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။

အခုလဆန်းပိုင်းက ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက တာဝန်ရှိသူတွေ အဲ့ဒီဒေသကို ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ သြဂုတ် မိုးကြီးရေကြီးမှုအတွင်း ထိခိုက်မှု အဆိုးဆုံး ပြည်နယ်ထဲမှာ ချင်ပြည်နယ် ပါဝင်ပြီး ပြည်နယ်မြို့ဖြစ်တဲ့ ဟားခါးမြို့ဟောင်း ပြောင်းရွှေ့ဖို့ စီစဉ်ရတဲ့အထိ အိမ်ခြေများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရေကြီး မြေပြိုတာတွေကြောင့် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ စတဲ့ မြို့ ၇ မြို့မှာ အိမ်ပေါင်း ၁၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013