DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း စာမေးပွဲမေးခွန်းပေါက်ကြားမှု ပညာရေးဌာနတခုလုံးအတွက် ဆုံးရှုံးမှုဖြစ်ဟုဆို
DVB
·
February 19, 2016
မကွေးတိုင်း စာမေးပွဲမေးခွန်းပေါက်ကြားမှု ပညာရေးဌာနတခုလုံးအတွက် ဆုံးရှုံးမှုဖြစ်ဟုဆို
Donate to DVB

မကွေးတိုင်းအတွင်းမှာ ၄ တန်းစားမေးပွဲမေးခွန်းနဲ့ ၈ တန်းစာမေးပွဲ မေးခွန်းတွေ ပေါက်ကြားသွားခဲ့တာဟာ မကွေးတိုင်းတခုလုံးအတွက်သာမဟုတ်ဘဲ ပညာရေးဌာနတခုလုံး အတွက် ဂုဏ်သိက္ခာ ဆုံးရှုံးမှုဖြစ်ကြောင်း ကျောင်းအုပ်ဆရာတဦးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ဖြေဆိုနေတဲ့ အစိုးရစစ် ၄ တန်းနဲ့ ၈ တန်း စာမေးပွဲမေးခွန်းတွေ မကွေးတိုင်းအတွင်းအတွင်းမှာ ပေါက်ကြားနေတာနဲ့ ပက်သက်လို့ မကွေးတိုင်း အလကခွဲ ရဲကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်က အခုလို ပြောကြားလိုက်တာပါ။

“ထိခိုက်မှုတွေက အများကြီးပဲ။ ကလေးတွေဘက်မှာလည်း အများကြီးပဲ။ သူ့ဟာသူ ပုံမှန်ကြိုးစားနေတဲ့ ကလေးတွေအတွက်ကတော့ ထိခိုက်တယ်လို့ ပြောမရဘူး။ သူတို့က ကိုယ့်ကြိုးစားမှုကို ကိုယ်ပြနေတာ။ အဲလိုမဟုတ်ဘဲ ပေါ့ပေါ့လေး နေခဲ့တဲ့ ကလေးတွေကတော့ ရလဒ်တခုကြောင့် သူတို့ရဲ့ အောင်မြင်မှုအပေါ်မှာ ယစ်မူးသွားမှာ စိုးရတယ်။ အထူးသဖြင့် မိဘနဲ့ ဆရာအနေအထားပေါ့။ အခုလောလောဆယ်မှာ မိဘနဲ့ဆရာက ယုံကြည်မှုတွေ အားနည်းကြတယ်လေ။ အခုလို ဖြစ်လိုက်တာကြောင့် ကျနော်တို့ မကွေးတိုင်း တတိုင်းလုံးတင် မဟုတ်ဘူး၊ ပညာရေးဌာနတခုလုံးအတွက် ဂုဏ်သိက္ခာဆုံးရှုံးမှုလို့ ကျနော်က မြင်ပါတယ်။”

အခုလိုမေးခွန်းတွေ ပေါက်ကြားနေတာကြောင့် ကလေးတွေကိုယ်တိုင် အစိုးရစစ် စာမေးပွဲကို မယုံကြည်တော့ဘဲ ပညာရေးဌာနကို သေချာစစ်ဆေးပြီး အရေးယူပေးဖို့ လိုနေတယ်လို့ ၈ တန်း ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးအောင်လွင်က ပြောပါတယ်။

“‘ဒီမိုကရေစီနိုင်ငံပြောင်းတော့မယ်၊ အခုလွှတ်တော်သစ်ကလည်း စနေပြီ။ အဲဒီအချိန်မှာ အရေးကြီးတဲ့ ဌာနကြီးတခုဖြစ်တဲ့ ပညာရေးဌာနရဲ့ အဂတိတရားလိုက်စားမှုကို ထိထိရောက်ရောက် ဖော်ထုတ်ပြီးတော့ ၀န်ကြီးကအစ အားလုံးကို စစ်ဆေးပြီး အရေးယူပေးပါ။ ၀န်ကြီးပါမယ်၊ တိုင်းပညာရေးမှူးပါမယ်၊ မြို့နယ်ပညာရေးမှူးပါမယ်၊ သူ့အောက်က ပညာရေးဝန်ထမ်းတွေပါမယ်၊ သေချာကို ကိုင်တွယ်ရမယ် ဒီကိစ္စကို။”

ကျောင်းသားမိဘတွေအများစုဟာ ပေါ်ထွက်လာတဲ့ မေးခွန်း ပေါက်ကြားမှုကြောင့် ကျောင်းသားတွေကို စာမေးပွဲ ပြန်စစ်ဆေးမှာ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013