DVB Logo
Home
Lead Story
ကနီမြို့နယ်တွင် အမျိုးသမီးလှေလှော်ပြိုင်ပွဲကျင်းပ
DVB
·
February 19, 2016
ကနီမြို့နယ်တွင် အမျိုးသမီးလှေလှော်ပြိုင်ပွဲကျင်းပ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တဇယ်ချောင်အုပ်စု ညောင်ပင်ဝင်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမှတ်တံဆိပ် ဆင်တူအင်္ကျီတွေ ၀တ်ဆင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် က လှေလှော်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

လှေလှော်ပြိုင်ပွဲကို ချင်းတွင်းမြစ်အတွင်းမှာ ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေသာ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ လှေတစင်းကို အမျိုးသမီး ၁၀ ယောက်ဖြင့် လှော်ခတ်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပြိုင်ပွဲဝင်လှေအစင်းရေ ၈ စင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး အခုလို လှေလှော်ပြိုင်ပွဲ ကျင်းပတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြိုင်ပွဲမကျင်းပခင် ၁၅ ရက် ခန့် အလိုကတည်းက ပြိုင်ပွဲဝင် အမျိုးသမီးတွေအနေနဲ့ ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှေလှော်ပြိုင်ပွဲမှာ ကျေးရွာဘုရားပွဲအထိမ်းမှတ်အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် ဆုရရှိသူများကို ကနီမြို့ မဲန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းမှ ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

သတင်းဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013