DVB Logo
Home
မြန်မာသတင်း
ဌာနေပြန် မြန်မာအလုပ်သမားများ ကားမှောက်၊ ၁ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ
DVB
·
February 19, 2016
ဌာနေပြန် မြန်မာအလုပ်သမားများ ကားမှောက်၊ ၁ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ခရိုင်ကနေ မြန်မာပြည်ကိုပြန်မယ့် အလုပ်သမားတစုဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားပြီး သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ခင်းပိုင်းက ဆုဖန်းပူးရီးမြို့နယ်  ဘန့်ဖိုးထိကျေးရွာအုပ်စုတွင်း အဝေးပြေးလမ်းမပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းပို့ချက်ရခဲ့ပြီး လူနာ တင်ယာဉ်နဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ရာမှာ တိမ်းမှောက်ပျက်စီးနေတဲ့ အဖြူရောင် တိုယိုတာမှန်လုံကား ၁ စီး၊ သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၁၅ ဦးကို တွေ့ခဲ့တာလို့  ဆုဖန်းပူးရီးမြို့မ ရဲစခန်းတာဝန်ကျ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၄၂ နှစ်ရွယ်ရှိ မဘုတ်ဆိုသူ မြန်မာအမျိုးသမီးဖြစ်ကြောင်း၊  အသက် ၁ နှစ်ရွယ်ရှိ ကလေးတဦးနဲ့  ၈ ဦး ပြင်းထန်တဲ့ ဒဏ်ရာရပြီး ကျန်တဲ့  ၇ ဦးမှာ အနည်းငယ်ဒဏ်ရာရတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ယာဉ်မောင်းကလွဲရင် ကျန်တာအားလုံး မြန်မာအလုပ်သမားတွေ ဖြစ်ကြောင်း၊ သူတို့အားလုံး ဖူးကက်မှာ အလုပ်သွားလုပ်တာဖြစ်ပြီး မြန်မာပြည်ပြန်ဖို့အတွက် ဖူးကက် - မဲဆောက်မှန်လုံကားကို စုငှားလာခဲ့တာလို့ ဆိုပါတယ်။

ကားပေါ်ပါလာသူတွေ ပြန်ပြောပြချက်အရ ယာဉ်မောင်းသူဟာ အိပ်ငိုက်ဟန်ရှိကြောင်း၊ အခင်းဖြစ်တဲ့ နေရာနားအရောက် ကားဟာ ဒယီးဒရိုင်ဖြစ်ပြီး လမ်းဘေးက သစ်ပင်ကြီး တစ်ပင်ဝင်တိုက်ကာ တိမ်းမှောက်သွားတာလို့  ရဲအရာရှိက ပြောပါတယ်။

ဒဏ်ရာရသူတွေအားလုံးကို ဆုဖန်းပူးရီးဆေးရုံပို့ဆောင်ထားပြီး ယာဉ်မောင်းကိုတော့ ဒဏ်ရာ ရနေတဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013