DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ပရဟိတအသင်းကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
February 19, 2016
အင်းတော်တွင် ပရဟိတအသင်းကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၁ ဦးသေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အင်းတော်-ကသာ-နဘား ကားလမ်းဆုံမှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ဇ၀န ပရဟိတ လူငယ်အသင်းကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့လို့  ဆိုင်ကယ်စီးလာသူ တဦး သေဆုံးခဲ့ပါတယ်။

ကသာမြို့ကနေ အင်းတော်မြို့နယ် မန်လည်ကျေးရွာကို မောင်းလာတဲ့ ဇ၀န ပရဟိတ လူငယ်အသင်းကားနဲ့ နဘားဘက်မှ ကသာမြို့က မောင်းနှင်လာတဲ့ဆိုင်ကယ် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အသက် ၄၀ အရွယ် အမျိုးသားဟာ ယာဘက် ဒူးခေါင်းမှာ စုတ်ပြဲပွန်းပဲ့ ဒဏ်ရာနဲ့ ဦးခေါင်းနှောက်စေ့ ပေါက်ပြဲဒဏ်ရာတွေ ရရှိပြီး ကသာဆေးရုံ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ဇ၀န ပရဟိတလူငယ်အသင်းကားမောင်းသူ ဇော်မျိုးအောင်နဲ့ အမည်မသိ ဆိုင်ကယ်မောင်းနှင်သူတို့ကို အင်းတော်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၈/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က အရ အရေးယူ ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013