DVB Logo
Home
မြန်မာသတင်း
အပူဒဏ်သတိထားရန် ကျန်းမာရေးဌာန နှိုးဆော်
DVB
·
February 19, 2016
အပူဒဏ်သတိထားရန် ကျန်းမာရေးဌာန နှိုးဆော်
Donate to DVB

အပူဒဏ်ကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိဖြစ်နိုင်လို့ သတိပြုနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက်တခု ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီနှိုးဆော်ချက်ထဲမှာ မနက် ၁၀ နာရီက ညနေ ၅ နာရီအတွင်း ရေမချိုးဖို့၊ နေပူထဲက ပြန်လာပြီး ရေမချိုးဖို့၊ နေပူထဲမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် မလုပ်ဖို့၊ ဆီးချို နှလုံးနဲ့ သွေးတိုးရောဂါရှိသူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ နေ့လယ်ခင်း အရိပ်အောက်မှာ နားနားနေနေ နေကြဖို့ စသဖြင့် အချက် ၁၂ ချက်နဲ့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ အပူချိန် ပြင်းထန်နိုင်တယ်ဆိုတဲ့ မိုးလေ၀သ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် စိုက်ပျိုးရေးနဲ့ ကျန်းမာရေးဌာနတို့က ရေချွေတာသုံးဖို့နဲ့ အနေအထိုင် ဆင်ခြင်ကြဖို့ သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013