DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် လူထုငြိမ်းချမ်းရေးဖိုရမ် ပိတ်ပင်ခံရ
DVB
·
February 18, 2016
ကယားပြည်နယ် လူထုငြိမ်းချမ်းရေးဖိုရမ် ပိတ်ပင်ခံရ
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂ ရက်တာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ လူထုငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖိုရမ် ပိတ်ပင်ခံခဲ့ရတယ်လို့  ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဖိုရမ်ဟာ အားလုံးပြင်ဆင်ပြီး လူပေါင်း ၁၀၀ ကျော်လည်း ရောက်ရှိလာပြီးကာမှ သမ္မတရုံးက ခွင့်မပြုကြောင်း ပြည်နယ်အစိုးရက နှုတ်နဲ့ ခေါ်ပြောတဲ့အတွက် ရောက်လာတဲ့လူတွေကို တောင်း ပန်ပြီး ပြန်လွှတ်လိုက်ရတယ်လို့ ပွဲစီစဉ်သူ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီဖိုရမ်လုပ်ဖို့ ကျနော်တို့က အဆင့်ဆင့် ခွင့်တောင်းထားပြီးသားပဲ။ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) အားလုံးခွင့်ပြုတယ်၊ ခွင့်ပြုတော့ လုပ်တာပေါ့၊ အားလုံးလည်း ပြင်ဆင်ပြီးပြီ။ မနေ့ညနေ ၂ နာရီလောက်မှ ကယားပြည်နယ်အစိုးရက ကျနော်တို့ တာဝန်ခံကို  ခေါ်ပြောတယ်၊ အဲဒီဖိုရမ် မလုပ်ပါနဲ့၊ လုပ်ရင်ပြဿ     နာရှိမယ်၊ နိုင်ငံတော်သမ္မ တရုံးက ခွင့်မပြုဘူးပေါ့။ ကျေန်ာတို့လည်း ရေရှည်ကိုကြည့်ပြီးတော့မှ ပြဿ     နာမဖြစ်အောင် မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့ ဖိုရမ်တက်ဖို့ လာတဲ့ သူတွေကိုလည်း ရှင်းပြပြီးတေင်းပန်လိုက်ရတယ်။”

သူတို့အဖွဲ့အနေနဲ့ ဒီငြိမ်းချမ်းရေးဖိုရမ်လုပ်လာတာဟာ အခုမှမဟုတ်ဘဲ အရင်ကလည်း အလုပ်ရုံဆွေးနွေးပွဲ အငယ်စားတွေကို ကယားပြည်နယ် မြို့နယ် ၇ ခုလုံးက မြို့ရွာတွေမှာ အကြိမ်ကြိမ်လုပ်ခဲ့ပြီးကြောင်း၊ ဒီတခေါက်တော့ မြို့နယ် ၇ ခုလုံးက ဆွေးနွေးပွဲတက်ဖူး သူတွေကို ခေါ်ပြီး တစုတစည်းတည်း ဖိုရမ် ပြန်လုပ်မှ အခုလိုပိတ်ပင်ခံရတာလို့ ဆိုပါတယ်။

နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလမှာ ငြိမ်းချမ်းရေးကို စိတ်ဝင်တစားနဲ့ လိုအပ်ချက်အရ ပြည်နယ်ထဲဆောင်ရွက်နေတာကို အခုလိုသမ္မတရုံးအနေနဲ့ ပိတ်ပင်တဲ့အတွက် အံ့သြမိသလို အစဉ်အလာတခုလို ဖြစ်သွားမှာလည်း စိုးရိမ်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေကို ပိတ်ပင်တာဟာ နိုင်ငံအတွက် အစဉ်အလာမကောင်းဘူးလို့ ဦးထူးချစ်က ပြောပါတယ်။

ဒီဖိုရမ်မှာ ပါဝင်ဖို့  နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပညာရှင်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် ဖိတ်ကြားထားပြီး ဖိုရမ်မလုပ်ဖြစ်တော့တာကြောင့် ပံ့ပိုးကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု လျော့ပါးသွားမှာကိုရော၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လျော့ပါးသွားမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဟာ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်မှာ အခြေစိုက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေးတွေ ဆောင်ရွက်နေရာက  နိုင်ငံရေးပြုပြင်ပြောင်း လဲမှုတွေကြောင့် ပြည်တွင်းမှာပါ ၀င်ရောက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013