DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက်ထပ်မံရွှေ့ဆိုင်း
DVB
·
February 18, 2016
လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက်ထပ်မံရွှေ့ဆိုင်း
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန်နီုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို အယူခံ ၀င်ပေးဖို့  နောက်ထပ် အချိန် ၁ လ ရွှေ့ဆိုင်းလိုက်ပါတယ်။

မှုခင်းဆေးသိပ္ပံအပိုင်းမှာ နိုင်ငံခြားပညာရှင်တွေ အကူအညီယူရတဲ့အတွက် အချိန်မလောက်ငလို့   ဖေဖော်ဝါရီ ၁၈ ရက်က တရားရုံးမှာ နောက်ထပ် ၁ လ ရွေှ့ဆိုင်းဖို့ ပြောခဲ့ တယ်လို့ ဒီအမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အစက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အယူခံဝင်ဖို့ သတ်မှတ်ထားတာပေါ့နော်၊ ဒါပေမယ့် မှုခင်းဆေးသိပ္ပံဆိုင်ရာ ဒီအန်အေကိစ္စတွေမှာ နီုင်ငံခြားပညာရှင်တွေဆီကနေ အကြံပြုချက်တွေ ယူရတယ်၊ အဲဒီမှာ ကျနော်တို့ဘက်က သက်ဆိုင်ရာအမှုတွဲတွေကို ဘာသာပြန်ပေးရတယ်။  သူတို့ဆီက ပြန်ပို့ပေးတဲ့အချက်တွေလည်း တခါ ထိုင်းလို၊ အင်္ဂလိပ်လို ဘာသာပြန်ရတယ်၊ အဲလိုအဆင့်ဆင့်သွားနေရတော့ သတ်မှတ်ထားတဲ့ ရက်အတိုင်း အယူခံဝင်နိုင်မှာမ ဟုတ်ဘူးလေ၊ ဒါကြောင့် ကျနော်တိုဘက်က ထိုင်းရှေ့နေများကောင်စီဝင် ရှေ့နေက ကော်စမွီတရားရုံးမှာသွားပြီး နောက်ထပ်ရက်တိုးမယ့်အကြောင်း တင်ပြခဲ့တာ။”

တရားရုံးခွင့်ပြုချက်အရ လာမယ့် မတ်လ ၂၄ ရက်နေ့မှာ အယူခံဝင်မယ်လို့ သူကဆက်ပြောပါတယ်။

ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်ရှေ့နေနဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဘာ သာပြန် မအေးမာချိုတို့ဟာ  လူသတ်မှု ပြစ်ဒဏ်ချခံထားရတဲ့ ဇော်လင်း နဲ့ ဝေဖြိုးတို့ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဘန်ခွမ်အကျဉ်းထောင်မှာ နောက်ထပ်သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါတယ်။

သူတို့အတွက် အယူခံဝင်ဖို့ လုပ်ပေးနေတဲ့ အကြောင်းကို ရှင်းပြပြီး လိုအပ်တဲ့ အသုံး အဆောင်တွေရော မုန့်ဖိုးငွေ ဘတ် ၁၅၀၀ စီပါ ထပ်ပြီးပို့ပေးခဲ့တယ်လို့ ဦးစိန်ဌေးက ပြောသွားပါတယ်။

လူငယ် ၂ ဦးက ကျန်းမာရေးကောင်းမွန်ပြီး ထောင်တွင်းမှာ အဆင်ပြေစွာရှိကြောင်း ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013