DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းကြေးခေတ်လူသားအရိုးစုများ စစ်ကိုင်းတိုင်းတွင် တူးဖော်တွေ့ရှိ
DVB
·
February 18, 2016
ရှေးဟောင်းကြေးခေတ်လူသားအရိုးစုများ စစ်ကိုင်းတိုင်းတွင် တူးဖော်တွေ့ရှိ
1 / 2
Donate to DVB

ရှေးဟောင်း ကြေးခေတ်လူသားအရိုးစုတွေ မြုပ်ရာနေရာကို အထက်မြန်မာပြည် စစ်ကိုင်းတိုင်းမှာ တူးဖော်တွေ့ရှိတယ်လို့ ပြင်သစ်နဲ့ မြန်မာ ရှေးဟောင်းသုတေသီတွေက ဖေဖော်ဝါရီ ၁၇ ရက် ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ မီဒီယာတွေကိုပြောပါတယ်။

ကြေးခေတ်ယဉ်ကျေးမှု သုတေသနတူးဖော်ရေး လုပ်ငန်းတွေကို  စစ်ကိုင်းတိုင်း၊၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာ   မြန်မာရှေးဟောင်း သုတေသနဌာနက ပညာရှင်တွေနဲ့ ပြင်သစ် ရှေးဟောင်းသုတေသနပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ရာမှာ တူးဖော်တွေ့ရှိတာပါ။

ညောင်ကန်ရွာ ရှေးဟောင်း တူးဖော်ရေး လုပ်ငန်းကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကြေး ခေတ်ကာလက အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး အရိုးစုပေါင်း ၄၁ ခုကို  ပုတီးစေ့တွေ၊ အိုးခွက်တွေ၊ ကျောက်ကွင်း အ၀ိုင်းပြားတွေနဲ့ အတူ   မြှုပ်နှံထားတာ တွေ့ရတာလို့ ဆိုပါတယ်။

[caption id="attachment_135883" align="aligncenter" width="622"]ဓာတ်ပုံ - သူသူဝင်း ဓာတ်ပုံ - သူသူဝင်း[/caption]

တူးဖော်တွေရတဲ့ ကလေးငယ်တဦးရဲ့ ဦးခေါင်းခွံမှာ ဖောက်ထွင်းခွဲစိတ်ထားတဲ့ အထောက်အထားတွေလည်း တွေ့ရလို့ ပြင်သစ်သုတေသီအဖွဲ့ခေါင်းဆောင်  ဒေါက်တာ သောမတ်အိုလီဗာပရိုင်စ်ကတော့ ဒါဟာ ဒီဒေသတွင်းမှာ တွေ့ရှိခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုတွေရဲ့ ရှေးအကျဆုံး နမူနာတခု  ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ခုလိုတွေ့ရှိမှုအတွက်  မြန်မာပြည်သူလူထုတွေအနေနဲ့ ဂုဏ်ယူသင့်သလို ဒီနေရာကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်သင့်တယ်လို့လည်း  ဒေါက်တာ ပရိုင်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုသုတေသနကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာနက ၁၉၉၈ ကတည်းက စတင်တူးဖော်ခဲ့ပြီး  လက်ရှိ ညောင်ကန်တူးဖော်မှုလုပ်ငန်းမှာ ၃ နေရာနဲ့  အုတ်အိုင်တူးဖော်မှုလုပ်ငန်းမှာ ၃နေရာ စုစုပေါင်း ၆ နေရာမှာ  တူးဖော်သုတေသန ပြုလုပ်နေကြတာပါ။

အဆိုပါ သုတေသနတွေ့ရှိချက်အရ ညောင်ကန်နဲ့ အုတ်အိုင်ဒေသတစ်ဝိုက်ရှိ ကြေးခေတ်ယဉ်ကျေးမှုဒေသကြီးဟာ  ထိုင်းနဲ့ ဗီယက်နမ်မှာ အလားတူတွေ့ရှိရတာတွေထက် အတော်လေးများပြီး  အရှေ့တောင်အာရှဒေသမှာ  အကြီးဆုံးနေရာ တစ်ခုဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမယ့်  ဒီတူးဖော်မှုမှတွေ့ရှိရတဲ့ အထောက်အထားတွေနဲ့ ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုရဲ့ သက်တမ်းကိုတော့ သိရှိနိုင်ဖို့ လေ့လာစမ်းသပ်မှုတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။

[caption id="attachment_135886" align="aligncenter" width="622"]ဓာတ်ပုံ - ကလျာမြတ်မြတ်ထွေး ဓာတ်ပုံ - ကလျာမြတ်မြတ်ထွေး[/caption]

ကြေးခေတ်ယဉ်ကျေးမှုအမွေအနှစ်တွေဟာ  လယ်မြေ၊ ယာမြေအောက်မှာ တည်ရှိနေ တာကြောင့် ဒီဒေသတ၀ိုက်ရှိ ထွန်ယက်စိုက်ပျိုးမှုတွေနဲ့  မြေယာသဘာဝ အနေအထားတွေကို ထိန်းသိမ်းထားဖို့  ယဉ်ကျေးမှုဌာနက တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013