DVB Logo
Home
မြန်မာသတင်း
အီတာလျံထိုင်း ကုမ္ပဏီ အလုပ်သမားအိမ်ခန်းများ မီးလောင် (ရုပ်သံ)
DVB
·
February 18, 2016
အီတာလျံထိုင်း ကုမ္ပဏီ အလုပ်သမားအိမ်ခန်းများ မီးလောင် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းကပီမြို့နယ် ဟွေ့ခွန်နယ်မြေထဲမှာ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့နေရာဟာ အီတာလျံထိုင်း ကုမ္ပဏီက ဆောက်လုပ်ရေးအလုပ်သမားတွေ နေထိုင်တဲ့ အိမ်ခန်းတွေဖြစ်ပြီး မီးသတ်ကား အစီးပေါင်း ၃၀ နဲ့ အချိန်တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ ဟွေ့ခွန်နယ်မြေ မတ်ကဆန်ရဲစခန်းတာဝန်ကျ စခန်းမှူးက သတင်းထောက်တွေကို ပြောတယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

၅ ဧကလောက်ကျယ်တဲ့ အဲဒီဝင်းကြီးထဲမှာ သွပ်မိုးပျဉ်ကာ ၂ ထပ်အိမ် အလုံးပေါင်း ၂၀ ကျော်ရှိကာ အလုပ်သမားပေါင်း ၁၀၀၀ ကျော် နေထိုင်ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်အားလုံးနီးပါးလောင်ကျွမ်းသွားပြီး သေဆုံး ဒဏ်ရာရသူစာရင်းတော့ မရှိကြောင်း တာဝန်ကျစခန်းမှူးက ပြောသွားပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေးမေးမြန်းနေဆဲလို့  စခန်းမှူးက ပြောသွား ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်က မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အမ်အေတီ ( ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံများအဖွဲ့ချုပ် ) ကို ဒီဗွီဘီက မေးမြန်းရာမှာ မီးလောင်တဲ့ နေရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း နေထိုင်ကြပေမယ့် သူတို့အဖွဲ့ဆီကိုတော့ တစုံတရာ အကူအညီတောင်းခံလာတာ အကြောင်းကြားတာ မရှိဘူးလို့ အမ်အေတီအဖွဲ့ဝင် ကိုခွန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013