DVB Logo
Home
မြန်မာသတင်း
နစ်ဆန်းကားများ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မည်
DVB
·
February 18, 2016
နစ်ဆန်းကားများ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မည်
Donate to DVB

ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးကားထုတ်လုပ်တဲ့ နစ်ဆန်းကားကုမ္ပဏီက မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ပထမဆုံးအကြိမ်  အိမ်စီး ဆန်နီကားတွေ တပ်ဆင်ထုတ်လုပ်မယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

တနှစ်ကို ကားအစီးရေ ၁၀၀၀၀ ထုတ်လုပ်နိုင်မယ့် ကားတပ်ဆင်စက်ရုံသစ်ကို ပဲခူးတိုင်းဒေသကြီးမှာ လုပ်ကိုင်မှာ ဖြစ်ပြီး အလုပ်သမား ၃၀၀ လောက် ခန့်သွားဖို့ရှိနေ တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

နစ်ဆန်းကုမ္ပဏီအနေနဲ့ အစပိုင်းမှာ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ တန်ချောင်မော်တာအုပ်စုရဲ့ ရှိပြီးသား ပစ္စည်းနဲ့ အဆောက်အဦတွေကိုအသုံးပြုပြီး  ဆန်နီဆီဒန်ကားတွေ တပ်ဆင် ထုတ်လုပ်သွား မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ကားအစီးရေ ၁၀၀၀ ကျော်ရောင်းချရဖို့ နစ်ဆန်းကုမ္ပဏီက မျှော်လင့် ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ကားဝယ်လိုအား အလျှင်အမြန်တိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ  လက်ရှိ ကားရောင်းချရမှုဟာ တနှစ်ကို အစီးရေ ၁၀၄၀၀၀ လောက်ရှိရာကနေ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ တနှစ် ကားအစီးရေ ၁၅၀၀၀၀ လောက်  ရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်ရဲ့ ဆူဇူကီးကားကုမ္ပဏီကတော့ ဘက်စုံသုံးယာဉ်တွေကို ပြီးခဲ့တဲ့နှစ်ကတည်းက  မြန်မာနိုင်ငံမှာ စတင်ထုတ်လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013