DVB Logo
Home
မြန်မာသတင်း
အမြောက်ဆန်ဟောင်း ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံး
DVB
·
February 17, 2016
အမြောက်ဆန်ဟောင်း ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံး
1 / 2
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ခလောင်းယိုင်မြို့နယ် ရာဘာစိုက်ခင်းတခုထဲမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီပေါက်ကွဲမှုဟာ အာပီဂျီ-၇ အမျိုးအစား အမြောက်ဆန်ဟောင်း ပေါက်ကွဲမှုဖြစ် နိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါပေါက်ကွဲမှုဖြစ်ကြောင်း သတင်းရရှိတဲ့နေရာကို ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ မရိမ်းတပ်သားတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးကုသရေးအဖွဲ့တွေ သွားရောက်ခဲ့ကြတယ်လို့ မိုင်ရတ်ရဲ ဌာန ရဲအရာရှိ သီရော်ကီရက်ဒ်သနက်ဆိုဝါသီယကူက ပြောပါတယ်။

အဲဒီရာဘာစိုက်ခင်းဟာ ဆူခွန်ဗစ်လမ်းမကြီးကနေ ၄ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ တောင်ကုန်းတခုပေါ်မှာတည်ရှိတာဖြစ်ပါတယ်။

သူတို့ရောက်ရှိသွားခဲ့ချိန်မှာ မြန်မာအလုပ်သမားနှစ်ဦးဟာ ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါးထိ ခိုက်ဒဏ်ရာရှိနေတာကို တွေ့ခဲ့ကြတာလို့ သတင်းက ဆိုပါတယ်။

ကိုပြည့် (၂၅ နှစ်) နဲ့ ကိုအောင် (၂၀ နှစ်) လို့ အမည်ရတဲ့ အဲဒီအလုပ်သမား ၂ ဦးဟာ ရာ ဘာစိုက်ခင်းထဲမှာ ရာဘာစေးစုဆောင်းဖို့ အလုပ်လုပ်နေကြတာပါ။

သူတို့ကို အနီးဆုံး တရတ်ဆးရုံကို ခေါ်ဆောင်သွားချိန်မှာ ကိုအောင်က သတိရ နေသေးပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့ပါတယ်။

တာဝန်ကျရဲအရာရှိတဦးကတော့ အခင်းဖြစ်တဲ့ နေရာအနီးမှာ အာပီဂျီ ၇ အမျိုးအစား လက်နက်ကြီးအဟောင်းနဲ့ ဖွာကြဲနေတဲ့ ကျောက်တုံးအပိုင်းအစတွေ တွေ့ရတာကြောင့်  သေဆုံးသူတွေဟာ အာပီဂျီနဲ့ ကျောက်တုံးပေါ်ထုခဲ့ဟန်ရှိကြောင်း၊ အဲဒီ လက်နက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က မြေကြီးထဲမြှုပ်ထားခဲ့တဲ့ ကမ္ဘေားဒီးယားစစ်ပွဲ အကြွင်းအကျန်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

12742819_1007834669262420_6924811770625656133_nရာဘာခြံပိုင်ရှင်ကတော့ သေဆုံးသွားတဲ့အလုပ်သမားတွေဟာ ရာဘာခြံထဲမှာ ရာဘာစေး တွေ လိုက်ကောက်တဲ့အလုပ်ကို လုပ်ရတာဖြစ်ပြီး မနက်က ပုံမှန်အလုပ်ဆင်းကြောင်း၊ မကြာခင်မှာပဲ တခြားအလုပ်သမားတွေက ပေါက်ကွဲမှုဖြစ်ကြောင်း လာပြောလို့ သွားကြည့်ရာမှာ အလုပ်သမားတွေ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူဟာ ဒီရာဘာပင်တွေ စိုက်လာတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်း အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မတွေ့ခဲ့ဖူးဘူးလို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013