DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် အမေရိကန်က ဒေါ်လာ ၅ သန်း အကူအညီပေးအပ်
DVB
·
February 17, 2016
ရခိုင်ပြည်နယ်အတွက် အမေရိကန်က ဒေါ်လာ ၅ သန်း အကူအညီပေးအပ်
Donate to DVB

ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဘေးသင့်ဒုက္ခသည်တွေ၊ ဆင်းရဲနွမ်းပါးသူတွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့  ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပံ့ပိုးသွားမယ်လို့  ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲနဲ့  အမေရိကန်သံရုံးက ကြေညာပါတယ်။

ဒီအကူအညီကြောင့် အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ်  လူဦးရေ ၄၅,၀၀၀ လောက်ဟာ  အခြေခံဝန်ဆောင်မှုတွေ၊ အခြေခံ အဆောက်အအုံတွေ ဈေးကွက်နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ပိုမိုလက်လှမ်းမီလာမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းက ကိုယ်တိုင် မိမိတို့ရဲ့ လိုအပ်ချက်နဲ့အညီ အရေးတကြီး ဦးစားပေးလုပ်ဆောင်ရမယ့် ကဏ္ဍတွေကို ဖော်ထုတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အကူအညီတွေကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ အစီအစဉ်နဲ့  ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ပေးအပ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013