DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆိုင်ရာ မီဒီယာလုပ်ငန်းတွင် အစိုးရသစ် ကူညီရန် တောင်းဆို
DVB
·
February 17, 2016
ငြိမ်းချမ်းရေးဆိုင်ရာ မီဒီယာလုပ်ငန်းတွင် အစိုးရသစ် ကူညီရန် တောင်းဆို
Donate to DVB

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ မီဒီယာလုပ်ငန်းတွေမှာ အစိုးရသစ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ကူညီပံ့ပိုးပေးဖို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကျင်းပပြီးစီးသွားတဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (ဘီအန်အိုင်) ဒါရိုက်တာ အဖွဲ့ဝင် နိုင်ကဆော့မွန်က “တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ဆိုင်တဲ့ ဗဟုသုတ၊ နောက် တိုင်းရင်းသားတွေအကြား တဦးနဲ့တဦး အမြင်ပြန်လည် ဖလှယ်တာတွေ စသဖြင့်ပေါ့လေ။  အဲဒီကိစ္စတွေကို တိုင်းရင်းသားပြည်သူတွေ သိရှိအောင် ကျနော်တို့ မီဒီယာကတဆင့် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့် အစီအစဉ်တွေ လုပ်သွားချင်တယ်။ တဘက်ကနေပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ ပုံစံမျိုး မီဒီယာဘက်က ၀ိုင်းပံ့ပိုးပြီးတော့ ဒီဘိတ်ပုံစံမျိုးတွေ ဆက်လုပ်သွားဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ အဲဒီကိစ္စမျိုး ဆောင်ရွက်တဲ့အခါမှာ ငြိမ်းချမ်းရေးတလျှောက် ပါနေတဲ့ အစိုးရဘက်ကပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းဘက်က လူတွေပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ၀ိုင်းရှင်းလင်းပြောပြဖို့၊ နောက် မီဒီယာကတဆင့် ပြည်သူတွေကို သတင်းပေးဖို့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ ဆိုလိုတာ” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မီဒီယာလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ သတင်းသမားတွေကိုလည်း လုံခြုံရေးနဲ့ လွပ်လပ်စွာ သတင်းယူမှု ရယူနိုင်ဖို့အတွက် အစိုးရနဲ့ သတင်းမီဒီယာကောင်စီက ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်ပေးဖို့လည်း တောင်းဆိုပါတယ်။

ဒါ့အပြင် မကြာမီ ဆက်လက်တာဝန်ထမ်းဆောင်မယ့် အစိုးရသစ်အနေနဲ့ သတင်းသိရှိခွင့်ကို မထိန်းချုပ်ဘဲ လွှတ်တော်အသီးသီးမှာ သတင်းယူခွင့်ပေးဖို့နဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းယူခွင့်ကို ဥပေဒပြု အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တိုင်းရင်းသားမီဒီယာတွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့က ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာတွေနဲ့ ပူးပေါင်းကျင်းပတာဖြစ်ပြီး  ကိုယ်စားလှယ် ၂၈၀ ဦး တက်ရောက်ပါတယ်။

ဒီညီလာခံမှာ ရခိုင်ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနဲ့ သယံဇာတ ခွဲဝေသုံးစွဲရေး၊ တိုင်းရင်းအမျိုးသမီး သတင်းထောက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းသမားများ လုံခြုံရေး၊ ပြည်နယ် တိုင်း လွှတ်တော်တွေမှာ မီဒီယာတွေ လွတ်လပ်စွာ သတင်းရယူနိုင်ရေး၊ နိုင်ငံတော်နဲ့ လွှတ်တော်က တိုင်းရင်းမီဒီယာတွေကို ပင်မမီဒီယာတွေနည်းတူ အသိအမှတ်ပြုပြီး တန်းတူညီမျှတဲ့ အခွင့်အရေးပေးဖို့ စတာတွေ ဆွေးနွေးခဲ့ပါတယ်။

လာမယ့်နှစ် ၂၀၁၇ မှာ ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကိုတော့ ကယားပြည်နယ်မှာ ကျင်းပဖို့ ညီလာခံက ရွေးချယ်ဆုံးဖြတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013