DVB Logo
Home
မြန်မာသတင်း
ဒေါ်စုနှင့် ဗိုလ်ချုပ်မှူးကြီးတို့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
February 17, 2016
ဒေါ်စုနှင့် ဗိုလ်ချုပ်မှူးကြီးတို့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ရှေ့ဆက်လက်လုပ်ဆောင်သွားမယ့် ကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၁ နာရီကျော်ကြာ ဆွေးနွေးမှုအတွင်း အဲ့ဒီကိစ္စရပ် ၂ ခုကို ဆွေးနွေးခဲ့ကြတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

“ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း။”

ဒီနေ့တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့ အခုတွေ့ဆုံမှုဟာ ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံမှုမတိုင်မီက အစိုးရဖွဲ့စည်းရေးကို အဓိကထား ဆွေးနွေးကြ လိမ့်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013