DVB Logo
Home
မြန်မာသတင်း
စီးပွားရေးပိတ်ဆို့မှု လက်ကျန်များ ဖယ်ရှားပေးရန် မြန်မာ ဒုသမ္မတ တောင်းဆို
DVB
·
February 17, 2016
စီးပွားရေးပိတ်ဆို့မှု လက်ကျန်များ ဖယ်ရှားပေးရန် မြန်မာ ဒုသမ္မတ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအပေါ် အရေးယူချမှတ်ထားတဲ့ လက်ကျန်စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တွေကို  ဖယ်ရှားပေးဖို့ မြန်မာ ဒုသမ္မတ ဦးဉာဏ်ထွန်းက အမေရိကန်ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်နီလန်းစ်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒုသမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ အာဆီယံ စီးပွားရေးအသိုက်အ၀န်းမှာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို သုံးပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေနည်းတူ နိုင်ငံတကာဈေးကွက်မှာ တန်းတူယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ်  ဖွံ့ဖြိုးမှုနိမ့်နိုင်ငံတွေကိုပေးတဲ့ အထူးအခွင့်အရေး (GSP) ပေးဖို့နဲ့ ကျန်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအဆိုပြုတဲ့  အမေရိကန်-အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေးအစီအစဉ်ကို ကြိုဆိုတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံအနေနဲ့  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ရော အမေရိကန်ပြည်ထောင်စုနဲ့ပါ ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲနဲ့ ခုသွားနေတဲ့အသွင်ကူးပြောင်းရေးဟာ အားလုံးပါဝင် ညီညွတ်ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ်နိုင်ငံတခုဖြစ်ဖို့ မျှော်လင့်ချက်တွေ ပေးတယ်လို့ ပြောသွားပါတယ်။

ဖေဖော်ဝါရီ ၁၅ မှ ၁၆ ရက်ထိ ကျင်းပတဲ့ ဒီအစည်းအဝေးမှာ အမေရိကန်၊ လာအို၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတတွေ။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ ကမ္ဘော ဒီးယား နိုင်ငံဝန်ကြီးချုပ်တွေ တက်ရောက်ပြီး မြန်မာနိုင်ငံကတော့ ဒုသမ္မတ အဆင့်သာ တက်ရောက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013