DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်တွင် ကော်မတီ ၃ ရပ်ဖွဲ့စည်းရန် အမည်စာရင်း တင်သွင်း
DVB
·
February 17, 2016
အမျိုးသားလွှတ်တော်တွင် ကော်မတီ ၃ ရပ်ဖွဲ့စည်းရန် အမည်စာရင်း တင်သွင်း
Donate to DVB

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းဖို့ ပါဝင်မယ့်သူတွေရဲ့ အမည်စာရင်းကို တင်သွင်းခဲ့ပါတယ်။

ဖွဲ့စည်းမယ့် ကော်မတီတွေကတော့ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီနဲ့ ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွေ ဖြစ်ပါတယ်။

အဲဒီကော်မတီတွေကို အဖွဲ့ဝင် ၁၅ ဦးစီနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဇုန်လှယ်ထန်းနဲ့ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်က ဒေါ်ထုမေတို့ကို ခန့်အပ်ခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီကိုတော့ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က ဦးမင်းဦးနဲ့ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ က ဒေါက်တာပြည့်ဖြိုးတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။

ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌကတော့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ က ဒေါက်တာသန်းဝင်းနဲ့ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ ဒေါက်တာဇော်လင်းထွန်းတို့က တာဝန်ယူသွားရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013