DVB Logo
Home
မြန်မာသတင်း
ပန်းရောင်နေထိုင်ခွင့်ကတ်များ ၂ နှစ်ထိသက်တမ်းတိုးပေးရန် အဆိုပြု
DVB
·
February 16, 2016
ပန်းရောင်နေထိုင်ခွင့်ကတ်များ ၂ နှစ်ထိသက်တမ်းတိုးပေးရန် အဆိုပြု
Donate to DVB

လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ပန်းရောင်နေထိုင်ခွင့်ကတ်တွေကို နောက်ထပ် ၂ နှစ်အထိ သက်တမ်းတိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့ကို အဆိုပြုထားတယ်လို့ ထိုင်း အလုပ်သမားညွှန်မှူးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့က  ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင် ပတ္တရားမြို့မှာ ပြုလုပ်သွားတဲ့ ထိုင်းမြန်မာ ၂ နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးမှာ ထိုင်း အလုပ်သမားညွှန်မှူးက ပြောသွားတာလို့  ထိုင်းမြန်မာသံရုံး ရွှေ့ပြောင်းအလုပ်သမားသံမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အစည်းအဝေးမှာ ပန်းရောင်နေထိုင်ခွင့်ကတ်တွေကို နောက်ထပ် ၂ နှစ်ထိ သက်တမ်း တိုးပေးဖို့ ပါလီမန်ကိုတင်ထားတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ထွက်လာမှ ဘယ်လိုပုံစံနဲ့ လုပ်မလဲ၊ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လို လုပ်ဆောင် မယ်ဆိုတာ ထွက်လာမှာပေါ့နော်။ ဒီကြားထဲမှာ မြန်မာအစိုးရဘက်ကလည်း စီအိုင်ကတ်လို့ ခေါ်တဲ့ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ကတ် ထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။”

ဒါ့အပြင် စီအိုင်ကတ်လုပ်ဆောင်ရာမှာ ငွေသွင်းတဲ့အခါ ဘဏ်ကနေငွေပေးချေတဲ့ စနစ်ကျင့်သုံး ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

အမ်အိုယူနဲ့ ၀င်ရောက်လာတဲ့ အလုပ်သမားတွေ ဒီရောက်တဲ့ခါ စာချုပ်ထဲပါတဲ့ အလုပ် အတိုင်းမရဘဲ ကြုံရာအလုပ်ဝင်လုပ်နေရတဲ့ ပြသနာမှာ နောင်ကို အဲလိုမဖြစ်အောင် ဆောင်ရွက် ပေးမယ်လို့လည်း ပြောပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲဟာ နည်းနာတွေနဲ့ ပတ်သက်ပြီးတော့ဘဲ ဆွေးနွေးခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ကတော့  ၂  နိုင်ငံဆိုင်ရာ အစိုးရတွေကို အသီးသီးပြန်တင်ပြ ရမှာဖြစ်ကြောင်း၊ ဒါကြောင့် ဆုံးဖြတ်ချက်တွေမရှိဘဲ ဆွေးနွေးမှုတွေကိုသာ သဘောတူခဲ့ တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက တင်ပြချက်တွေကိုလည်း  ထိုင်းအလုပ်သမားညွန်မှူးက ထိုင်းအစိုးရအဖွဲ့ကို ပြန်တင်ပြဖို့ လက်ခံခဲ့တယ်လို့ ဦးစိုးနိုင်က ဆက်ပြောပါတယ် ။

မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာတော့ ထိုင်းမြန်မာ ၂ နိုင်ငံက အလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေဟာ အချက် ၃ ချက်ကို သဘောတူလက်မှတ်ထိုးခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါအချက်တွေမှာ လူကုန်ကူးမှုနဲ့ အလုပ်သမားတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရနေမှူကို ပူးပေါင်းကာကွယ်ဖို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်မှု ပပျောက်ရေးအတွက် တိကျ မြန်ဆန် ပွင့်လင်းမြင်သာစွာနဲ့  အလုပ်သမားတွေကို တရားဝင်နည်းလမ်းကနေ စေလွှတ်ဖို့ ၊ အလုပ်သမားပြဿ   နာနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံကြား အီလက်ထရောနစ်နဲ့ အချက်အလက်တွေ ဖလှယ်ဖို့  စတာတွေ ပါဝင်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားဝင် ၀င်ရောက်လုပ်ကိုင်မှသာ ဥပဒေက အကာ အကွယ်ပေးနိုင်မှာဖြစ်ပြီး လူမှုဖူလှုံရေး အာမခံဝန်ဆောင်မှုတွေလည်း ပေးနိုင်မယ်လို့ ထိုင်းအလုပ်သမားညွှန်ချုပ် နိုင်းအာရပ် ဖရူမ်းမဏီးက ပြောသွားပါတယ်။

ဒီတခေါက် ထိုင်းမြန်မာ ၂ နိုင်ငံ အလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာန အတွင်းဝန် ဦးမျိုးအောင် နဲ့ ထိုင်းဘက်က အလုပ်သမားညွှန်ချုပ် နိုင်းအာရပ် ဖရူမ်းမဏီး ဦးဆောင်တဲ့ တာဝန်ရှိသူတွေ တက်ရောက်ေ ဆွးနွေးခဲ့ပါတယ်။

နောက်လာမယ့် အစည်းအဝေးကိုတော့ လာမယ့် ဧပြီလအတွင်းမှာ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013