DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အသွင်ကူးပြောင်းရေး သမ္မတအိုဘားမားပြောကြားချက် (ရုပ်သံ)
DVB
·
February 16, 2016
မြန်မာပြည်အသွင်ကူးပြောင်းရေး သမ္မတအိုဘားမားပြောကြားချက် (ရုပ်သံ)
Donate to DVB

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီလန်း အပန်းဖြေစခန်းမှာ ကျင်းပနေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကောင်းဘက်ကို မျှော်လင့်တဲ့အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

သမ္မတ အိုဘားမားက “မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲနဲ့ လက်ရှိသွားနေတဲ့ အသွင်ကူးပြောင်းရေးဟာ အားလုံးပါဝင်တဲ့၊ စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်ဖို့ မျှော်လင့်ချက်တွေပေးပါတယ်”လို့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ပြည်သူတွေအတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးတွေ တိုးတက်အောင် အတူတကွ ဆက်လက်လုပ်ဆောင်မယ်၊ သူသမ္မတ တာဝန်စယူကတည်းက အာဆီယံနဲ့ အမေရိကန်အကြား ကုန်သွယ်မှုဟာ ၅၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်ကုမ္ပဏီတွေဟာ အာဆီယံမှာ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဖြစ်သလို အာဆီယံ ဟာလည်း အမေရိကန်ရဲ့ စတုတ္တအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဒီအထဲမှာ အမေရိကန်ပြည်သူ ၅သိန်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တဲ့ အမေရိကန်ပို့ကုန်လုပ်ငန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၆ ရက်အထိ ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာ အပါအ၀င် အာဆီယံ ၁၀ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်နေတာဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေးကိစ္စ အပါအ၀င်၊ ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရင်းနှီးမြှုပ်နှံမှု စတာတွေကို ဆွေးနွေးနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013