DVB Logo
Home
မြန်မာသတင်း
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် (ရုပ်သံ)
DVB
·
February 16, 2016
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် (ရုပ်သံ)
Donate to DVB

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်နေပါတယ်။

အမေရိကန်နဲ့ အာစီယံ ၁၀ နိုင်ငံတို့ရဲ့ ထိပ်သီးအစည်းအဝေးကို ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Sunnylands အပန်းဖြေ စခန်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဒုတိယမြောက်နေ့အဖြစ် လက်ခံ ကျင်းပသွားမှာပါ။

ဒီညီလာခံမှာ တောင်တရုတ် ပင်လယ်တွင်း အငြင်းပွာမှု ကိစ္စ အပါအ၀င်၊ ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသစ်တွေ ထူထောင်ရေး  စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ညီလာခံကို သမ္မတ ဦးသိန်းစိန် မတက်ရောက်ဘဲ ဒုသမ္မတ ဦဥာဏ်ထွန်း တက်ရောက်နေ ပါတယ်။  မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် စသူတို့လည်း လိုက်ပါသွားပြီး  အမေရိကန်နဲ့ အာဆီယံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာက ဘာတွေဆွေးနွေးမယ်ဆိုတာတော့ မသိရသေး ပါဘူး။

ဒီညီလာခံဟာ အာစီယံဒေသတွင်းမှာ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်လိုတဲ့အတွက် အမေရိကန်က အာစီယံ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးတာလို့လည်း သတင်းတွေမှာ သုံးသပ်ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013