DVB Logo
Home
မြန်မာသတင်း
လက်ကိုင်ဖုန်းထဲမှ အခြားအမျိုးသားတဦး၏ စာတိုကြောင့် ဇနီးသည်ကို ခုတ်ထစ်မီးရှို့သတ်ဖြတ်
DVB
·
February 16, 2016
လက်ကိုင်ဖုန်းထဲမှ အခြားအမျိုးသားတဦး၏ စာတိုကြောင့် ဇနီးသည်ကို ခုတ်ထစ်မီးရှို့သတ်ဖြတ်
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇနီးမယားရဲ့ လက်ကိုင်ဖုန်းထဲသို့ တခြားအမျိုးသားတဦးက ပေးပို့တဲ့စာတိုတွေကို တွေ့ရှိခဲ့ရလို့ ဒေါသထွက်ကာ ခုတ်ထစ်မီးရှို့သတ်ဖြတ်ခဲ့သူ အမျိုးသားကို ရဲတွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညနေပိုင်းမှာ လက်ရဖမ်းဆီးခဲ့ကြပါ တယ်။

အသက် ၄၁ နှစ်အရွယ် ဖီဖက်ကန်သီမာအမည်ရတဲ့ အဲဒီအမျိုးသားကို ချင်းမိုင်မြို့၊ ဆန်ဆိုင်းခရိုင်ထဲမှာ ဘုန်းကြီးဝတ်နဲ့ ရဲတွေက ဖမ်းဆီးရမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

အသတ်ခံရသူ အသက် ၄၆ နှစ်အရွယ် ဆူရီအွန်ဆနစ်ဟာ မောင်ချင်းမိုင်ခရိုင်ထဲ မှ ဂျက်စမင်အနှိပ်ခန်းပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့အလောင်းကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ညနေပိုင်းမှာ ဆန်ဆိုင်းခရိုင်၊ ပန်ချန်ရာပွန်ဥယျာဉ်အိမ်ရာထဲက သူ့ရဲ့အိမ်ထဲမှာ တွေ့ရှိခဲ့ရတာပါ။

ရဲတွေရဲ့အဆိုအရ ဖီဖက်ဟာ မောင်ချင်းမိုင်ခရိုင်တွင်းနေထိုင်သူဖြစ်ပြီး ဆူရီနဲ့ အတူ နှစ်အတန်ကြာတည်းက နေထိုင်ခဲ့ကြကာ နောက်ပိုင်းမှာမှ တူရကီနိုင်ငံသို့ ဆောက်လုပ်ရေးလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။

သူဟာ အလုပ်လုပ်ကိုင်ရာမှရရှိတဲ့ ဘတ်ငွေ ၁ သန်းလောက်ကို လုပ်ငန်းတွင်း ရင်းနှီးမြုပ်နှံဖို့ ဆူရီထံပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူပို့တဲ့ငွေတွေထဲက အချို့ဟာ ပျောက်ဆုံးနေတဲ့အတွက် သူဟာ လွန်ခဲ့တဲ့ တလလောက်က ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး စောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ဆူရီဟာ ရေချိုးခန်းထဲဝင်နေစဉ်မှာ သူ့ရဲ့ဖုန်း ထဲကို တခြားအမျိုးသားတဦးဆီက စာတိုတွေဝင်လာခဲ့ပြီး အဲဒီစာတိုတွေထဲမှာ ဆူရီက ချစ်စကား၊ကြိုက်စကားတွေအပြန်အလှန်ပြောခဲ့တာကို ဖီဖက်ကတွေ့ရှိခဲ့တာပါ။

အဲဒီအချိန်မှာပဲ ဆူရီအနေနဲ့ သူ့ရဲ့ငွေတွေထဲက တချို့တ၀က်ကို တခြားအမျိုး သားတဦးအတွက်အသုံးပြုခဲ့တယ်လို့ထင်ခဲ့ပြီး သူတို့ဟာ စကားများခိုက်ရန်ဖြစ်ခဲ့ကြ တယ်လို့ ဖီဖက်က ပြောပါတယ်။

စကားများရန်ဖြစ်ချိန်မှာ ဆူရီက ဓားကိုင်ခြိမ်းခြောက်ခဲ့ပြီး အဲဒီဓားကို သူကဆွဲလုဖို့ ကြိုးစားချိန်မှာ မတော်တဆဖြစ်ပြီး ဆူရီကို ထိုးသတ်မိခဲ့တာလို့ ပြောပါတယ်။

သူဟာ အဲဒီအချိန်မှာ ဆူရီရဲ့အလောင်းကို ခုတ်ထစ်ပြီး ပင်းမြစ်ထဲကို ပစ်ချဖို့ကြံ စည်ခဲ့သေးတယ်လို့ ၀န်ခံပြောဆိုပါတယ်။

ဒါပေမယ့် အလောင်းကို ၆ ပိုင်းလောက်ပိုင်းပြီးချိန်မှာ သူ့ရဲ့လက်ကိုလည်း ဓားထိခဲ့လို့ အခန်းထဲမှာ မီးလောင်ပြီးသေဆုံးသယောင်ပြုလုပ်ဖို့ ကြိုးစားခဲ့တာပါ။

အဲဒီနောက်မှာ သူဟာ ဆူရီရဲ့အလောင်းကို မီးရှို့ဖို့အတွက် ဖယောင်းတိုင်ကို မီး ညှိကာ အနီးမှာ မီးစွဲစေဖို့ မီးပုံးတွေထားခဲ့ပြီး အခန်းထဲမီးလောင်ကျွမ်းအောင်ဖန်တီး ထားခဲ့ပေမယ့် မီးက အခန်းရဲ့ နေရာတချို့ကိုသာ လောင်ကျွမ်းခဲ့တာပါ။

ခုချိန်မှာတော့ သူ့ကို လူသတ်မှု၊ ခုတ်ထစ်သတ်ဖြတ်မှုနဲ့ မီးရှို့ရန်ကြံစည်မှုတွေနဲ့ ဖမ်းဆီးထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013