DVB Logo
Home
မြန်မာသတင်း
အိမ်ခြေ ၃၀၀ နီးပါး မီးဘေးသင့် ကျောက္ကာကျေးရွာ ပြန်လည်ထူထောင်ရေး စတင် (သတင်းဓာတ်ပုံ)
DVB
·
February 16, 2016
အိမ်ခြေ ၃၀၀ နီးပါး မီးဘေးသင့် ကျောက္ကာကျေးရွာ ပြန်လည်ထူထောင်ရေး စတင် (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရို ပုလောမြို့နယ်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကျောက္ကာကျေးရွာမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က မီးလောင်မှုအတွင်း ကျောက္ကာကျေးရွာမှာ အိမ်ခြေ ၇၀၀ ထဲကနေ အိမ်ခြေပေါင်း ၃၀၀ နီးပါး မီးဘေးသင့်ခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခရိုင်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကျောက္ကာကျေးရွာဟာ ရေလုပ်ငန်းလုပ်တဲ့ ရွာတခုဖြစ်ပြီး ဒေသခံတွေ ရပ်တည်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သက်ဆိုင်ရာ အစိုးရဘက်က ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့သလို မြိတ်မြို့ပေါ်ရှိ စေတနာရှင်တွေ၊ ပရဟိတ အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ပစ္စည်းတွေ ထောက်ပံ့ပေးပို့နေတယ်လို့ ဒေသခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အိမ်အသုံးဆောင်ပစ္စည်းနဲ့ ထောက်ပံ့ပစ္စည်းတွေကတော့ လုံလုံလောက်လောက်ရပြီး အိမ်ပြန်ဆောက်ဖို့ အစိုးရအဖွဲ့က သစ်နဲ့ သွပ်ပြားတွေ ထောက်ပံ့ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုထိတော့ မရသေးဘူးလို့ ဒေသခံရွာသူ ဒေါ်အေးစိုးက ပြောပါတယ်။

သတင်းဓာတ်ပုံ - မြတ်ထွဋ်(မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013