DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းမီဒီယာများ ပွင့်လင်းလွတ်လပ်စွာရေးသားနိုင်ရေး ဖန်တီးပေးရန်လို
DVB
·
February 15, 2016
တိုင်းရင်းမီဒီယာများ ပွင့်လင်းလွတ်လပ်စွာရေးသားနိုင်ရေး ဖန်တီးပေးရန်လို
Donate to DVB

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မီဒီယာတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းလွတ်လွတ်လပ်လပ်နဲ့ ရေးနိုင်တဲ့အနေအထားတခု နိုင်ငံတော်က ဖန်တီပေးဖို့လိုတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကိုရဲ့ ဒုတိယနေ့ ကျင်းပရာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြစဉ် ဒေါ်စောမြရာဇာလင်းက ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။

“မီဒီယာဆိုတာကတော့ တိုင်းပြည်ရဲ့အရေးကြီးတဲ့ ကဏ္ဍတခုမှာ ရှိနေတာမို့လို့ မီဒီယာေ တွဟာ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်တွေနဲ့ မီဒီယာတွေရဲ့ပါဝင်မှုတွေ၊ အားပေးမှုတွေ ဟာလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ အမြင်မျိုးကို ဒီနေ့ ဆွေးနွေးကြတာလည်းရှိပါတယ်။ မီဒီယာတွေအနေနဲ့ကတော့ လွတ်လွတ် လပ်လပ်နဲ့ ရေးသားနိုင်တဲ့အနေအထားတခုကိုတော့ နိုင်ငံတော်က ဖန်တီးပေးဖို့ လိုတယ်။ သတင်းလွတ်လပ်ခွင့်ပေါ့လေ။ အဲဒီလွတ်လပ်ခွင့်တွေက အများကြီး လိုအပ်ပါတယ်။”

လက်ရှိအနေအထားမှာ မီဒီယာတွေအနေနဲ့ တချို့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ဒါကို တဖြည်းဖြည်းခြင်း လွတ်လပ်လာအောင်လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း ပြောပါ တယ်။

မြောက်ဦးမြို့မှာ စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကိုရဲ့ ဒုတိယနေ့ ကျင်းပရာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရခိုင်ဒေသ သယံဇာတများ ခွဲဝေသုံးစွဲရေး၊ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်ရဲ့ အခြေအနေနဲ့ စိန်ခေါ်မှု ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြပါတယ်။

ဒီနှစ်ကျင်းပတဲ့ တိုင်းရင်းသားမီဒီယာတွေရဲ့ ညီလာခံမှာ “Peace and Reconciliation Th၀rough Ethnic Media” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပနေတာဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

တိုင်းရင်းမီဒီယာညီလာခံကို တိုင်းရင်းသားမီဒီယာ ၁ ဒါဇင်လောက်နဲ့ ပူးပေါင်းထားတဲ့ Burma News Internationalက စီစဉ်​ကျင်းပ​တာဖြစ်ပြီး ယခင်က ပြည်ပမှာ ကျင်း ပလေ့ရှိရာက ၂၀၁၃ခုနှစ်က စတင်ကာ ပြည်တွင်းမှာ လှည့်လည်ကျင်းပတာပါ။

ပြီးခဲ့တဲ့နှစ်တွေက မော်လမြိုင်၊ တောင်ကြီးနဲ့ ဟားခါးမြို့တို့မှာ ကျင်းပခဲ့ပြီး အခုနှစ် စတုတ္ထအကြိမ်ညီလာခံကိုတော့ မြောက်ဦးမြို့မှာ ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာတော့ ရခိုင်ပြည်နယ်အခြေအနေနှင့် စိန်ခေါ်မှုများ၊ တိုင်းရင်းသား မီဒီယာအသီးသီးရဲ့ အခြေအနေနှင့်စိန်ခေါ်မှုများ၊ တိုင်းရင်းသူ အမျိုးသမီး သတင်းထောက် များ၏ အခန်းကဏ္ဍ၊ New Government and freedom of Expression စတဲ့ အစီအစဉ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ညီလာခံကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး တိုင်းရင်းသား ဒေသ အသီးသီးက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013