DVB Logo
Home
မြန်မာသတင်း
“လွှတ်တော်ဟာ နပန်းလုံးဖို့ ကြိုးဝိုင်းမဟုတ်ဘူး” ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း (ရုပ်သံ)
DVB
·
February 15, 2016
“လွှတ်တော်ဟာ နပန်းလုံးဖို့ ကြိုးဝိုင်းမဟုတ်ဘူး” ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း (ရုပ်သံ)
Donate to DVB

ပြည်သူ့ ကိုယ်စားလှယ်တွေအနေနဲ့ ပါတီစွဲပုဂ္ဂိုလ်စွဲ လူမျိုးမစွဲဘဲ ပြည်သူ့မျက်နှာကို အဓိကကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် အမတ်သစ်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၅ ရက် မနက်က နေပြည်တော်လွှတ်တော်ဝင်း သဘင်ဆောင်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားတာပါ။

“ကျမတို့ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တဦးချင်းတဦးချင်း ကိုယ့်အတွက် အသုံးချဖို့ စင်မြင့်လည်းမဟုတ်ပါဘူး။ ရာထူးနေရာရဖို့အတွက် ခုတုန်းလည်း မဟုတ်ပါဘူး။ သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။ ဒီနေရာဟာ ကျမတို့ အားလုံးဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ ပြည်သူအကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့် နေရာဖြစ်ပါတယ်။”

ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်သစ်တွေကို စွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက် အထိ ၅ရက်ကြာ ကျင်းပနေတာဖြစ်ပြီး နိုင်ငံတကာက လွှတ်တော်အမတ်ဟောင်းတွေနဲ့ ကျွမ်းကျင်သူပညာရှင်တွေ တက်ရောက်ဆွေးနွေးနေတာပါ။

ဒီဆွေးနွေးပွဲ စတင်ပြုလုပ်နေတဲ့ အတွက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို မကျင်းပနိုင်ဘဲ တပတ်ကြာရပ်နားထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013