DVB Logo
Home
မြန်မာသတင်း
ဗယ်လင်တိုင်းနေ့တွင် ရာနှင့်ချီသည့် စုံတွဲများ ဆုတောင်းစာမီးပုံးပျံများ လွှတ်တင် (ရုပ်သံ)
DVB
·
February 15, 2016
ဗယ်လင်တိုင်းနေ့တွင် ရာနှင့်ချီသည့် စုံတွဲများ  ဆုတောင်းစာမီးပုံးပျံများ လွှတ်တင် (ရုပ်သံ)
Donate to DVB

ထိုင်ဝမ်ကျွန်း နယူးတိုင်ပေမြို့ ဖှင်းရှီခရိုင်က ရာနဲ့ချီတဲ့ စုံတွဲတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဗယ်လင်တိုင်းနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုတောင်းစာတွေ ရေးထားတဲ့ မီးပုံးပျံတွေကို လွှတ်တင်နေကြတာပါ။

ထိုင်ဝမ်မှာ နှစ်စဉ် တရုတ် နှစ်သစ်ကူးပွဲတော်အပြီးမှာ ဖှင်းရှီ မီးပုံးပျံပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်မှာ အသည်းနှလုံးပုံ မီးပုံးပျံအလုံး ၂၀၀ နဲ့ အတူ မီးပုံးပျံပေါင်း ၁၄၀၀ ကို လွှတ်တင်ကြပါတယ်။

ပွဲတက်ရောက်လာသူတွေက မိုးဖွဲဖွဲ ရွာနေတဲ့ ကြားက မီးပုံးပျံတွေကို ပြင်ဆင်ခဲ့ကြ ပါတယ်။ သူတို့ကိုယ်ပိုင် မီးပုံးပျံတွေမှာ နှစ်သစ်ဆုတောင်းတွေကို ရေးပြီး မိုးပေါ် လွှတ်တင်ကြတာပါ။

ထိုင်ဝမ်သမ္မတ မာရင်ကျိုးလဲ ဒီပွဲကို တက်ရောက်ပါတယ်။

သူကတော့ ထိုင်နန် ငလျင်ဘေးမှာ သေဆုံးခဲ့သူတွေအတွက် ဆုတောင်းစာတွေကို ပေ ၂၀ ရှည်ပြီး အသည်းနှလုံးပုံ ကပ်ခွာလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ မီးပုံးပျံကြီးမှာ ရေးခဲ့ပါတယ်။

ငလျင်ကြောင့် ထိုင်နန်မြို့တောင်ပိုင်းက အဆောက်အဦ တလုံး ပြိုကျခဲ့ပြီး လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။

အဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းကို ဒေသခံ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်သူ အပါအဝင် လူ ၃ ယောက်ကို လျစ်လျူရှုမှုကြောင့် လူသေမှုနဲ့ စစ်ဆေးဖို့ တရားရုံးကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကိုမှ တရားဝင် တရားစွဲတာ မလုပ်ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013