DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ မိတ်ဆက်ပွဲပြုလုပ်
DVB
·
February 15, 2016
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ မိတ်ဆက်ပွဲပြုလုပ်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့စည်းဝေးနိုင်အောင် လုပ်ဆောင်ပေးမယ့် “ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့” (Myanmar Center to Empower Regional Parliaments: MCERP) မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစုက စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပြီး အခမ်းအနားကိုတော့ ဒီနေ့ ရန်ကုန်က ချက်ထရီယမ်ဟိုတယ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ ပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့ဆွေးနွေးနိုင်မယ့် အစည်းအဝေးတွေ ပြုလုပ်ပေးတာအပါအ၀င် အဓိကလုပ်ငန်း ၃ ခု လုပ်ဆောင်မယ်လို့ အဖွဲ့ဒါရိုက်တာ ကိုသက်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

ကဏ္ဍအလိုက် ပညာရှင်တွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်ဆောင်ပေး သွားမယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ဟာ ပြည်နယ်တိုင်းအားလုံးရှိ လွှတ်တော်အသီးသီးကို ကူညီလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိ ပေမယ့် လတ်တလောတော့ ရန်ကုန်တိုင်းလွှတ်တော်တခုကိုပဲ ၁ နှစ်လောက် စတင် လုပ်ပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013