DVB Logo
Home
မြန်မာသတင်း
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ ထွက်ပေါ်
DVB
·
February 14, 2016
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ ထွက်ပေါ်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့စည်းဝေးနိုင်အောင် လုပ်ဆောင်ပေးမယ့် “ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့” (Myanmar Center to Empower Regional Parliaments: MCERP) မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစုက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ဒီနေ့ ရန်ကုန်က ချက်ထရီယမ်ဟိုတယ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ ပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့ဆွေးနွေးနိုင်မယ့် စည်းဝေးတွေ ပြုလုပ်ပေးတာအပါအ၀င် အဓိကလုပ်ငန်း ၃ ခု လုပ်ဆောင်မယ်လို့ အဖွဲ့ဒါရိုက်တာ ကိုသက်ဇော်က ဒီဗီဘီကို ပြောပါတယ်။

“ပထမအချက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်တွေကြား ချောမွေ့တဲ့ ဆက်ဆံရေးတွေ ပုံမှန်ထိတွေ့မှုတွေ ရှိနေအောင် town hall meeting တွေ လုပ်ပေးမယ်၊ မြို့နယ်အလိုက်ပေါ့။ နောက်တခုက လွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေပြုရေး ဆောင်ရွက်တဲ့အခါမှာ သူတို့လိုအပ်တဲ့ အချက်အလက်တွေ၊ အကိုးအကားတွေ အထောက်အထားတွေကို ရှာဖွေ ထောက်ပံ့ပေးမယ်။”

ဏဏ္ဍအလိုက် ပညာရှင်တွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ဟာ ပြည်နယ်တိုင်းအားလုံးရှိ လွှတ်တော်အသီးသီးကို ကူညီလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိပေမယ့် လတ်တလောတော့ ရန်ကုန်တိုင်းလွှတ်တော်တခုကိုပဲ တနှစ်လောက် စတင် လုပ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းက ဒီလိုအဖွဲ့တွေ ပေါ်ပေါက်လာတာကို ကြိုဆိုလိုက်ပြီး ပြည်နယ်တိုင်းဒေသတွေ ဖွံ့ဖြိုးတက်ဖို့ပါ ကူညီ လုပ်ဆောင်ပေးနိုင်ရင် ပိုကောင်းမယ်လို့ ပြောပါတယ်။

“ပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရတွေနဲ့ ပြည်သူတွေ တိုက်ရိုက်ထိတွေ့ စကားပြောနိုင် ဆွေးနွေးနိုင်အောင် လုပ်ပေးတာ ကောင်းပါတယ်၊။ ပြည်နယ်တိုင်း လွှတ်တော်တွေဆိုတာက ဒေသဖွံ့ဖြိုးရေးအတွက် ပိုပြီး အရေးပါတယ်။ အဲ့ဒီတော့ ဒေသဖွံ့ဖြိုးရေးအတွက် ၀ိုင်းကူပြီး လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။”

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲဟာ ရန်ကုန်တိုင်းလွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ထိတွေ့စည်းဝေးပွဲကို တလတကြိမ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013