DVB Logo
Home
မြန်မာသတင်း
နာရေးအသင်း ရန်ကုန်က ပရဟိတ တက္ကသိုလ် ထူထောင်မည်
DVB
·
February 14, 2016
နာရေးအသင်း ရန်ကုန်က ပရဟိတ တက္ကသိုလ် ထူထောင်မည်
1 / 7
Donate to DVB

နာရေးကူညီမှုအသင်း ရန်ကုန်က ပဲခူးတိုင်း၊ ပဲခူးမြို့ သာယာကုန်းကျေးရွာမှာ ပရဟိတ တက္ကသိုလ်တခု ဖွင့်လှစ်ထူထောင်သွားဖို့ စတင်လုပ်ဆောင်နေပြီလို့ အသင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အလှူရှင်တဦးလှူဒါန်းထားတဲ့ သာယာကုန်းရွာက မြေ ၁၄ ဧကမှာ ပရဟိတတက္ကသိုလ် တည်ဆောက်ဖွင့်လှစ်ထူထောင်မှာဖြစ်ပြီး မြန်မာလူငယ်တွေ ပရဟိတ စိတ်ဓာတ်တွေနဲ့ တဦးနဲ့တဦး  ကူညီပေးတတ်လာဖို့ ရည်ရွယ်ထူထောင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ  နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးခင်မောင်အေး၊ LandScape ပညာရှင်ဦးကြည်စိုးနဲ့  အမှုဆောင်အဖွဲ့တို့ဟာ ပရဟိတ တက္ကသိုလ်ကြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဲ့ဒီမြေနေရာကို သွားရောက် ကြည့်ရှုခဲ့ကြတယ်လို့ အသင်းက သတင်းထုတ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013