DVB Logo
Home
မြန်မာသတင်း
စပါးခွံအိတ်များဖြင့်ဖုံးပြီး တမလန်းသစ်များ သယ်လာသည့်ကား ဖမ်းမိ
DVB
·
February 14, 2016
စပါးခွံအိတ်များဖြင့်ဖုံးပြီး တမလန်းသစ်များ သယ်လာသည့်ကား ဖမ်းမိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ကျီးကုန်းရွာကြားမှာရှိတဲ့  ဖောင်ကူးရွာဟောင်းမှာ စပါးခွံအိတ်တွေနဲ့ဖုံးပြီး တမလန်းတုံးတွေ တင်ဆောင်လာတဲ့ ဆယ့်နှစ်ဘီးယာဉ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ်က ဖမ်းဆီးရမိခဲ့ပါတယ်။

တမလန်းတုံးတွေနဲ့အတူ ကလေးခရိုင်ရဲတပ်ဖွဲ့က သစ်တောက တာဝန်ရှိသူတွေနဲ့အတူ  သတင်းအရ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်မှာ တမလန်း ဆိုက်စုံ ၆၃ ချောင်း တန် ၇ ဒဿမ ၉၄၄ တန် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်က ပြောပါတယ်။

တမလန်းတုံးတွေကို  တမူးနယ် ခမ်းပါတ်မြို့အနီး သစ်တောမှ သယ်ဆောင်လာတာ လို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့က ထွက်ဆိုခဲ့ကြောင်း ရဲအုပ်သီဟ ပြောပါတယ်။

လက်ရှိမှာ ယာဉ်မောင်း နဲ့ ယာဉ် နောက်လိုက်တို့ကို စစ်ဆေးနေပြီး သစ်ပိုင်ရှင်အား ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင် နေပါတယ်။

သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013