DVB Logo
Home
မြန်မာသတင်း
၃ နှစ်အတွင်း ကလေးစစ်သား ၇၀၀ ခန့် နုတ်ထွက်ခွင့်ရ
DVB
·
February 13, 2016
၃ နှစ်အတွင်း ကလေးစစ်သား ၇၀၀ ခန့် နုတ်ထွက်ခွင့်ရ
Donate to DVB

၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်ထိ ၃ နှစ်တာကာလအတွင်း မြန်မာ့တပ်မတော်က ကလေးစစ်သား ၇၀၀ လောက် နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် တနှစ်တည်းမှာပဲ ကလေးစစ်သား ၁၄၆ ယောက်ကို စစ်တပ်က နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သားတွေ ရှိနေတုန်းပဲလို့လည်း ထောက်ပြထားပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့တပ်မတော်နဲ့  အခြားလက်နက်ကိုင်အဖွဲ့တွေဟာ  ကလေးငယ်တွေကို တပ်သားအဖြစ် စုဆောင်းတာ၊ အသုံးပြုတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ကုလအဖွဲ့က ဆိုပါတယ်။

နုတ်ထွက်ခွင့်ရရှိခဲ့တဲ့ ကလေးတွေအတွက် မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီးဌာနနဲ့  ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့  ပြည်တွင်း မိတ်ဖက် အဖွဲ့အစည်းတွေက မိသားစုပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ အထောက်အပံ့တွေ ပံ့ပိုးပေးခဲ့ကြပါတယ်။

၂ဝ၁၂ ခုနှစ် ဇွန်လကစလို့  ကလေးတွေကို တပ်သားအဖြစ် စုဆောင်းတာနဲ့ အသုံးပြု တာကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး  မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013