DVB Logo
Home
မြန်မာသတင်း
ဖားကန့် ကျောက်စိမ်းကုမ္ပဏီကားများကို လုံခင်းဒေသခံများ ဆန္ဒပြ
DVB
·
February 13, 2016
ဖားကန့် ကျောက်စိမ်းကုမ္ပဏီကားများကို လုံခင်းဒေသခံများ ဆန္ဒပြ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေရဲ့ မြေသယ်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ ဒေသခံ ၆၀ လောက်က  ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးတွေရဲ့ စွန့်ပစ်မြေစာပုံတွေ မကြာခဏပြိုကျမှုတွေဖြစ်ခဲ့တာကြောင့် လူရာချီ သေဆုံးမှုတွေရှိခဲ့ပြီး မြေစာပုံတွေ ထပ်မံပြိုကျမှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြတာလို့ လုံးခင်းဒေသခံ ဦးလောခမ်းက ဒီဗွီဘီကိုပြောပါတယ်။

နယ်မြေခံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေက လုံးခင်းကျေးရွာ အလယ်နဲ့ ရွာအပြင်ဘက်တို့မှာ ၂ ဖွဲ့ခွဲပြီးတော့ မြေသယ်ယာဉ်ကြီးများ မဖြတ်ရ ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း လမ်းပိတ် ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့ ရည်ရွယ်ချက်ကတော့ မြေစာပုံပြိုမှာ ကြောက်တာရယ်၊ နောက်ပြီးတော့ ပြည်သူလူထုသွားတဲ့လမ်းကို အသုံးမပြုဖို့ ဖြစ်တယ်။”

မြဦးယာဉ်နဲ့ တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၂ ခုရဲ့ စွန့်ပစ်မြေစာသယ်နေတဲ့ ကားကြီးတွေဟာ လုံးခင်းကျေးရွာထဲ ဖြတ်သန်းသွားလာပြီး ရွာရဲ့အထက်ဘက်မှာ မြေစာတွေ ပုံထားတာကြောင့် မိုးတွင်ရောက်တဲ့အခါ ပြိုကျမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဦးလောခမ်းက ဆိုပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေက ဘက်ဟိုးကားကြီးတွေနဲ့  စွန့်ပစ်မြေစာတွေ သွန်ချတာကို ရေမဆေးကျောက်ရှာဖွေသူတွေက  မြေစာပုံတွေရဲ့ အောက်ဘက် ဆင်ခြေလျောတလျှောက်မှာ အသက်အန္တရာယ်ကို မစိုးရိမ်ကြဘဲ ၀မ်းစာအတွက် အလုအယက် ရှာဖွေနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စုပေါင်းမြေစာပုံမှာ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ၁၀၀ ကျော် သေဆုံးခဲ့သလို မကြာခဏ မြေစာပုံပြိုကျမှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013