DVB Logo
Home
မြန်မာသတင်း
မြန်မာ့လမ်းတံတား အဆင့်မြှင့်တင်ရေး ဂျပန်ကူညီမည်
DVB
·
February 13, 2016
မြန်မာ့လမ်းတံတား အဆင့်မြှင့်တင်ရေး ဂျပန်ကူညီမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ​လမ်း၊ ​တံတားနဲ့ ​တခြား ​အခြေခံအဆောက်အအုံတွေရဲ့ ​ဆောက်လုပ်မှု ​အရည်အသွေး ​မြှင့်တင်ရာမှာ ​ကူညီမယ်လို့ ​ဂျပန် ​အစိုးရက ​ပြောပါတယ်။

၂၀၁၉ ခုနှစ်ထိ သုံးနှစ်တာအတွက် ဂျပန်ယန်းငွေ ၄၃၀ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း) ထောက်ပံ့ပြီး မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဂျပန်ပညာရှင်တွေကို စေလွှတ်ကူညီမယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဂျပန်သတင်းစာ Nikkei က  ရေးပါတယ်။

မြန်မာ့ရာသီဥတုနဲ့ ယာဉ်အသွားအလာပေါ်အခြေခံပြီး ခိုင်ခံ့လုံခြုံတဲ့ လမ်းတံတားတွေ ဆောက်နိုင်ဖို့အတွက် စံချိန်စံညွန်းဖော်ထုတ်ရေးမှာ ဒီထောက်ပံ့မှုက အကူအညီဖြစ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်က မြန်မာကို စီးပွားရေးမူဘောင်တရပ် ပေါ်ပေါက်လာရေးကိစ္စမှာ ကူညီခဲ့ပြီးဖြစ်သလို အခုစီမံကိန်းဟာ အစိုးရသစ်လက်ထက်မှာ အစောဆုံး ဆောင်ရွက်ချက်ဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့ရလွယ်ကူစေလိမ့်မယ်လို့ တွက်ဆကြပါတယ်။
မြန်မာနိုင်ငံဟာ ပွင့်လင်းလာတာနဲ့အမျှ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်တွေ မြင့်မားလာနေပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဂျပန်နည်းပညာတွေ အသုံးပြုခဲ့သလို ဂျပန်ကုမ္ပဏီတွေအဖို့လည်း မြန်မာဈေးကွက်ကို စိတ်ဝင်စားနေကြတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013