
တောမီးလောင်ကျွမ်းမှုကြောင့် ပြင်သစ်နဲ့ စပိန်နိုင်ငံတို့မှာ လူပေါင်း ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။
ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့နားက လူပေါင်း ၆၀,၀၀၀ နီးပါးကိုလည်း ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ ဂျီရွန်နဲ့ လန်းစ်ဒေသတို့ရှိ ဒေသခံ ၂၀၀,၀၀၀ ဝန်းကျင် ရွှေ့ပြောင်း ခဲ့ရပြီး ပြင်သစ်သမ္မတ မက်ခွန်းကတော့ ဒေသခံတွေကို ကူညီဖို့ စစ်တပ်ကို ညွှန်ကြား ထားပါတယ်။
စပိန်နိုင်ငံမှာလည်း တောမီးက မက်ဒရစ်မြို့အနီးကို ရောက်လာပြီး မီးသတ်သမားအင်အားထက် မီးလောင်မှုပမာဏ ကြီးမားတာကြောင့် အမျိုးသားအရေးပေါ်အခြေအနေကြေညာထားရပါတယ်။
မက်ဒရစ်မြို့ အနောက်ဘက်တောမီးလောင်မှု ၃ ခု ပေါင်းစည်းခဲ့တာကြောင့် တောမီးလောင်မှုပိုပြီး ကြီးမားလာတာပါ။
ဒေသခံ ၂၅,၀၀၀ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပြီး ၄,၀၀၀ လောက်က အိမ်တွေမှာ ဆက်ရှိ နေတယ်လို့ စပိန်အစိုးရက ပြောပါတယ်။
မက်ဒရစ်မြို့မှာ အပူချိန်မြင့်မားမှုပြီး လေတိုက်နှုန်း ကောင်းတာကြောင့် တောမီးပျံ့နှံမှုမြန်ခဲ့ပြီး သမိုင်း တလျှောက်အဆိုးရွားဆုံးမီးလောင်မှုလို့ မက်ဒရစ်မြို့တာဝန်ရှိသူက ပြောပါတယ်။
တောမီးဟာ မက်ဒရစ်မြို့နဲ့ ၃၁ မိုင်အကွာကို ရောက်လာတယ်လို့လည်း အရေပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
တောမီးလောင်မှုကို ငြှိမ်းသတ်ဖို့အင်အားမလုံလောက်တာကြောင့် မီးဘေးကာကွယ်ဖို့ကိုပဲ ညွှန်ကြား ထားတယ်လို့ ဆိုပါတယ်။
မက်ဒရစ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၆,၀၀၀ ကျော် မီးလောင်ခဲ့ကာ လက်ရှိ အချိန်ထိတောမီးလောင်ကျွမ်းနေတာကြောင့် ဟက်တာ ၉,၀၀၀ လောက်မီးဘေးသင့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
Source:Reuters











